အော်ပရေတာတွေက အင်တာနက်သုံးစွဲခ နှုန်းထားတွေကို ပြောင်းလဲသတ်မှတ်တော့မယ်လို့ ကြေညာအပြီး တယ်လီနောမြန်မာက အင်တာနက် Package ဈေးနူန်းကို ဒီနေ့ မှာစတင်းတိုးမြှင့်ပြောင်းလဲလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။


တယ်လီနောမြန်မာရဲ့အင်တာနက်Package 1 GB ကို 1990 ကျပ်အထိ ဈေးနူန်းမြင့်တက်သွားပြီဖြစ်ပါတယ်။

" တယ်လီနော်က ဈေးတက်သွားပြီ၊ အရင်က 1 GB ကို တစ်ထောင်ပဲရှိတယ်။ခု ၁၉၉၀ ဖြစ်သွားပြီ။ဒီနေ့တရားဝင်သူတို့ ဈေးပြောင်းလဲသတ်မှတ်လိုက်တာပေါ့။ ကျန်တာတွေကတော့မသိရသေးဘူး။ ခုထိတော့အရင်အတိုင်းပဲ " လို့ တယ်လီနောဆင်းကဒ်သုံးစွဲသူတစ်ဦးကပြောပါတယ်။

အရင်က တယ်လီနောရဲ့ အင်တာနက်သုံးစွဲခနူန်းက 925 mb ကို 999 ကျပ်၊ 1 GB ကို 1000 ကျပ်သာဖြစ်တယ်လို့သိရပါတယ်။

"အရင်က Flexiplan ကနေ 5GB ဝယ်ရင် ၅၄၅၉ ကျပ်ပေးရတယ်။ အခု 3 GB ကို ၅၉၇၀ ဖြစ်သွားပြီ" လို့ တယ်လီနောဆင်းကဒ်သုံးစွဲသူနောက်တစ်ဦးကလည်း ဆိုပါတယ်။

ကျန်တဲ့ အော်ရီဒူး ၊မိုင်တဲ၊ အမ်ပီတီ အော်ပရေတာတွေကတော့ အင်တာနက် သုံးစွဲခနှုန်းထားစျေးနှုန်း ပြောင်းလဲတာမျိုးမရှိသေးဘူးလို့သိရပါတယ်။

Ooredoo Supernet wifi စက်တွေရဲ့ သက်တမ်းတိုးကြေးကိုတော့ ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး သက်တမ်းတိုးနှုန်းက ရက် 30 ကို 45000 ကနေ 79000ကျပ်၊ရက် 90 ကို 120000 ကနေ  200000ကျပ်အထိ မြင့်တက်မှာဖြစ်တယ်လို့ အော်ရီဒူးက တရားဝင်ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က