အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းကို စွန့်ခွာပြီး ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒီဒီယာ ဒက်စ်ချမ့်က ၎င်းအနေနဲ့ ပြင်သစ်တိုက်စစ်မှူးကို အပောင်းအရွှေ့ပြုလုပ်စေချင်နေတယ်ဆိုတဲ့ ပြောကြားချက်တွေကို ငြင်းပယ်သွားခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒက်စ်ချမ့်က ယခုရာသီကုန်မှာ အမ်ဘာပေကို လီဂူးယမ်းနဲ့ ပီအက်စ်ဂျီအသင်းကို စွန့်ခွာဖို့ အကြံဉာဏ်ပေးခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်သွားခဲ့တာဖြစ်ပါတယ်။
အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့တာဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးအနေနဲ့ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးဖို့ အနည်းငယ်သာ အချက်ပြထားခဲ့တာဖြစ်ပါတယ်။
RMC Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ပြင်သစ်လက်ရွေးစင်နည်းပြ ဒက်စ်ချမ့်က ၎င်းအနေနဲ့ အမ်ဘာပေအနေနဲ့ တခြားနိုင်ငံမှာ ကစားဖို့အတွက် ပြင်သစ်လီဂူးဝမ်းကို စွန့်ခွာသင့်တယ်လို့ ပြောကြားခဲ့ခြင်းမရှိဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ "ကျွန်တော်က ပြင်သစ်ကို စွန့်ခွာရမယ်လို့ ပြောခဲ့တယ်ဆိုတာက သောက်တလွဲတွေပါ။ ကျွန်တော် ဘယ်တုန်းကမှ အဲဒီလို မပြောခဲ့ပါဘူး။ သူ့ကိုရော ဘယ်သူ့ ဘယ်သူကိုမှ မပြောခဲ့ဖူးပါဘူး"
"ဒါက လီဂူးဝမ်းကို ရှုတ်ချတာတော့ မဟုတ်ပါဘူး။ ပြင်သစ်အသင်းရဲ့လိုအပ်ချက်တွေနဲ့ နှိုင်းယှဉ်ရင် သူတို့တွေ နေ့စဉ်ဘဝမှာ ချန်ပီယံရှစ် ဒါမှမဟုတ် ဥရောပဖလားနဲ့ ထိပ်တန်းအဆင့်ပွဲစဉ်တွေ ကစားနေကျ ပိုဖြစ်လေ မရှိမဖြစ်လိုအပ်တဲ့ အဆင့်အတန်းကို ရဖို့ ပိုမိုနီးစပ်လေပါပဲ။ လာလီဂါမှာ တခြားအသင်းတွေနဲ့ ကစားနေတဲ့ ရီးရဲလ်၊ ဘွန်ဒက်စ်လီဂါမှာ တခြားအသင်းတွေနဲ့ ကစားနေတဲ့ ဘိုင်ယန်တို့အတွက်တော့ ဒါက မမှန်ပါဘူး။ အမ်ဘာပေက ရွေးချယ်ပါလိမ့်မယ်။ အဲဒါက သူ့ရဲ့ရွေးချယ်မှုပါ။ သူ ပဲရစ်မှာ ဆက်နေမယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး"လို့ ပြောကြားခဲ့ပါတယ်။