မက်ဆီထိုက်တန်သလို ဆာလာကလည်း လက်ရှိကမ္ဘာ့အကောင်းဆုံး ကစားသမားပါလို့ ပြောသွားခဲ့တာပါ။

ချဲလ်ဆီးကစားသမားဟောင်း ဂျိုကိုးလ်က (၂၀၂၁) ဘလွန်းဒီအော်ဆုကို မက်ဆီရခဲ့တာက ထိုက်တန်တယ်လို့ဆိုခဲ့ပေမယ့် လက်ရှိကမ္ဘာ့အကောင်းဆုံး ကစားသမားက လီဗာပူး တိုက်စစ်ကစားသမား ဆာလာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။



ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၉) မှာ ကျင်းပခဲ့တဲ့ ဒီဆုပေးပွဲအပြီး မက်ဆီ ဘလွန်းဒီအော်ရတဲ့အပေါ် ဘောလုံးလောက အသိုင်းအဝိုင်းက ဝေဖန်သံတွေ ဆူညံခဲ့ပြီး မက်ဆီထက် လီဝန်ဒေါစကီးကသာ ဒီဆုကို ရသင့်တယ်လို့ ဝေဖန်ခဲ့ကြတာပါ။

လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ (၂၀၂၀) တည်းက ဘလွန်းဒီအော်ကို ပြိုင်ဘက်မရှိ ရသင့်တဲ့ ကစားသမားဖြစ်ခဲ့ပြီး (၂၀၂၁) အတွက်လည်း ပုံစံကောင်းတွေ ပြနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဂျိုကိုးလ်ကတော့ “မက်ဆီ ဘလွန်းဒီအော်ဆုရတာနဲ့ ပတ်သက်လို့ ပွဲဆူနေသံတွေ ကျနော်ကြားပါတယ်။ ဒါပေမယ့် ခင်ဗျားတို့လည်း သိတယ်မဟုတ်လား၊ မက်ဆီက ဘလွန်းဒီအော်ဆုနဲ့ ထိုက်တန်တယ်ဆိုတာကို။ သူက အာဂျင်တီးနားကို ကိုပါအမေရိကဖလားယူပေးခဲ့ပါတယ်”

“ကိုပါအမေရိကပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား၊ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့သလို ကလပ်မှာလည်း ကိုပါဒယ်ရေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာမှာ သူ့ရဲ့အကျိုးသက်ရောက်မှုကို ခင်ဗျားတို့ မြင်မှာပါ။ အခု သူ PSG ကို ပြောင်းသွားတော့လည်း ချန်ပီယံလိဂ်မှာ ဂိုးတွေသွင်းနေပါပြီ”

“အခုချိန်ထိ နိုင်ငံအသစ်မှာ မက်ဆီ အသားမကျသေးတာ ကျနော်သိပါတယ်။ လတ်တလောမှာတော့ ဆာလာက ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ ဒါပေမယ့် ဘလွန်းဒီအော်ဆုကိုတော့ မက်ဆီက ရသင့်ရထိုက်ပါတယ်။ ဒီဆုပေးပွဲက လူတွေပြောနေကျသလို အတုအယောင်ပွဲကြီးတပွဲတော့ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က