အငြင်းပွားဖွယ် အခြေအနေမှာ ဂိုးသွင်းယူသွားခဲ့တာပါ။

ထရင့် အလက်ဇန္ဒား အာနိုးလ်က လီဗာပူးလ်အသင်းဟာ ကြာသပတေးနေ့ညက နယူးကာဆယ်လ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း မရိုးမသားလုပ်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေ ငြင်းပယ်ခဲ့ပါတယ်။

ဂျိုတာ၊ မိုဟာမက် ဆာလား၊ အလက်ဇန္ဒား အာနိုးလ်တို့ရဲ့ သွင်းဂိုးတွေကြောင့် လီဗာပူးလ်အသင်းဟာ အန်းဖီးမှာ ၁-၀ နဲ့ ရှုံးနိမ့်နေရာကနေ နိုင်ပွဲ ပြန်လည် ရရှိသွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးနဲ့ ၁ မှတ်အကွာ ဒုတိယနေရာကနေ လိုက်လံ ဖိအားပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။



ကြာသပတေးနေ့ညက ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ နယူးကာဆယ်လ်တိုရဲ့ပွဲစဉ်အတွင်း ဂျိုတာရဲ့ ချေပဂိုးဟာ အငြင်းပွားစရာ သွင်းဂိုးဖြစ်ခဲ့ပြီး နယူးကာဆယ်လ်ကွင်းလယ်ကစားသမား အိုင်းဆက် ဟေဒန်က ပင်နယ်တီဧရိယာထဲမှာ ဦးခေါင်းဒဏ်ရာနဲ့ လဲကျနေချိန်မှာ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အလက်ဇန္ဒား အာနိုးလ်က ၎င်းရဲ့ လီဗာပူးလ်အသင်းဖော်ဟာ တစ်ဖက် ၁ ဂိုးစီ ညီမျှသွားအောင် ဂိုးကို သွင်းယူဖို့ အခွင့်ရှိခဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

"သူတို့ရဲ့ပင်နယ်တီဧရိယာထဲမှာ ပွဲစဉ်က ဒီလိုဖြစ်နေတဲ့အချိန်မှာ ခင်ဗျား မြေကြီးပေါ်မှာ ဘယ်သူလဲနေလဲ၊ ဘယ်သူ မတ်တပ်ရပ်နေလဲဆိုတာ တကယ်ကို လိုက်မကြည့်နိုင်ပါဘူး။ ခင်ဗျား ကြည့်လို့မရနိုင်ဘူး။ ခင်ဗျားက ဂိုးသွင်းဖို့ ကြိုးပမ်းနေတဲ့ အသင်းဖော်တွေကိုပဲ ရှာဖွေနေရတာပါ။ ခင်ဗျား မျက်လုံးတွေက မြေကြီးပေါ်ကို အာရုံမစိုက်နိုင်ပေမယ့် တကယ်သာ ဦးခေါင်းဒဏ်ရာရခဲ့တယ်ဆိုရင် ပွဲကစားနေတာကို ရပ်တန့်ဖို့က ဒိုင်လူကြီးရဲ့ တာဝန်ပါ"

"သူ ပွဲကို မရပ်တန့်ခဲ့ဘဲ ကျွန်တော်တို့လည်း ဝီစီမှုတ်တဲ့အချိန်အထိ ကစားခဲ့ပြီး ဂိုးသွင်းယူခဲ့တယ်။ အဲဒါက ခင်ဗျားလုပ်နိုင်တာအကုန်ပဲ။ ကျွန်တော်တို့ မလိမ်ညာခဲ့သလို အားကစားသမားမပီသတဲ့ ဘယ်အရာမျိုးကိုမှလည်း မလုပ်ခဲ့ပါဘူး။ ကျွန်တော်တို့ ဝီစီမှုတ်တဲ့အထိ ကစားပြီး ဂိုးသွင်းယူခဲ့တာပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

က္က