ဟာဇက်ကို ရောင်းထွက်နိုင်ဖို့အတွက် ရီးရဲယ်မက်ဒရစ်တို့ စျေးလျှော့လိုက်တာဖြစ်ပါတယ်။

ရီးရဲယ်မက်ဒရစ်ဟာ အသင်းမှာ ရုန်းကန်နေရတဲ့ ဟာဇက်ကို ရောင်းချဖို့အတွက် အရှိန်မြှင့်ပြင်ဆင်လာခဲ့ပြီး လက်ရှိအချိန်မှာ ကစားသမားရဲ့ တန်ကြေးကိုပါ ကြောက်ခမန်းလိလိ အနေအထားအထိ လျှော့ချလိုက်ပြီဖြစ်ပါတယ်။



ရီးရဲယ်မက်ဒရစ်ဟာ ဟာဇက်ကိုခေါ်ယူခဲ့တုန်းက ယူရိုသန်း (၁၀၀) နဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် အခုချိန်မှာတော့ ယူရို (၃၅) သန်းရရှိရင် ရောင်းချတော့မယ်လို့ စပိန်ကလာတဲ့ သတင်းရင်းမြစ်တွေကဆိုပါတယ်။ အသက် (၃၀) အရွယ် ဟာဇက်ဟာ ရီးရဲယ်မက်ဒရစ်ကို ရောက်တာ (၃) နှစ်တောင် မပြည့်သေးပေမယ့် ဒီကာလအတွင်း အသင်းအတွက် သူ့ရဲ့စွမ်းဆောင်ရည်တွေက အားရကျေနပ်စရာမရှိပါဘူး။

ပရီးမီးယားလိဂ်ကလပ်အသင်းတသင်းဖြစ်တဲ့ ဝက်စ်ဟမ်းက ဟာဇက်ကို ယူရိုသန်း (၂၀) ဝန်းကျင်နဲ့ ဟာဇက်ကို မကြာခင်ကပဲ ကမ်းလှမ်းခဲ့သေးတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အဲ့ဒီတုန်းကတော့ ရီးရဲယ်မက်ဒရစ်က အနည်းဆုံး ယူရိုသန်း (၅၀) အထိ မျှော်လင့်ထားတာကြောင့် ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ မတတ်သာတဲ့အဆုံး ရီးရဲယ်မက်ဒရစ်တို့ ဟာဇက်အတွက် ပြောင်းရွှေ့ကြေးပမာဏကို ယူရို (၃၅) သန်းအထိ လျှော့ချလိုက်ရပြီး ဘယ်အသင်းက ခေါ်ယူဖို့ ကြိုးစားလာမလဲဆိုတာကို စောင့်ကြည့်ရတော့မှာပါ။ ဟာဇက်ကိုခေါ်ယူဖို့အတွက် အသင်းဟောင်း ချဲလ်ဆီးတောင်မှ လက်တွန့်နေပြီး ပြန်ခေါ်ဖြစ်ခဲ့ရင်တောင် ကနဦး အငှားစာချုပ်နဲ့သာ ခေါ်ယူဖွယ်ရှိပါတယ်။

ဟာဇက်ရဲ့ အသင်းဟောင်း လိုင်လီကလည်း ဟာဇက်ကို ပြန်ခေါ်ဖို့ စိတ်ဝင်စားနေတယ်ဆိုပေမယ့် တကယ်တမ်း ရေရာသေချာတာမျိုးမရှိသေးပါဘူး။ အသင်းဥက္ကဌ ပီရက်ဇ်ကတော့ ဟာဇက်နဲ့ ပတ်သက်လို့ စိတ်ရှည်သည်းခံမှု ကုန်ဆုံးခဲ့ပြီး ရီးရဲယ်မက်ဒရစ်အတွက် (၅၆) ပွဲကစား၊ (၅) ဂိုးသာ သွင်းယူပေးထားတဲ့ ဟာဇက်ကို ရောင်းထုတ်ဖို့ နည်းလမ်းပေါင်းစုံ ထုတ်သုံးလာခဲ့တာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က