မာတစ်လို ကွင်းလယ်ကစားသမားမျိုးကို ရန်းနစ်ဂ်က အလိုရှိနေတာပါ။

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်ဟာ ကွင်းလယ်ကစားသမားနေရာအတွက် ကစားသမားသစ် ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဒီကစားသမားအတွက် ထူးထူးခြားခြား အရည်အချင်းတခု သတ်မှတ်ထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။



ယူနိုက်တက်ကွင်းလယ်မှာ မာတစ် အသက်အရွယ်ရလာခဲ့သလို ဗန်ဒီဘိခ်ကလည်း ဆောင်းရာသီအပြောင်းအရွှေ့မှာ ထွက်ခွာဖွယ်ရှိနေပြီး ပေါ့ဘာကလည်း စာချုပ်သက်တမ်း နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေတာပါ။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်တို့ ကွင်းလယ်လူသစ် ရှာဖွေနေပြီး လိုက်ပ်ဇစ်ကွင်းလယ်လူ ဟိုင်ဒါရာနဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ရန်းနစ်ဂ်က ကွင်းလယ်နေရာအတွက် မာတစ်လို အရပ်ရှည်ရှည် ကစားသမားမျိုးကို အလိုရှိနေတယ်လို့ သိရပြီး အရပ်ရှည်ရှည်နဲ့ ကွင်းလယ်ကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကစားသမားမျိုးကို မျှော်လင့်နေတာပါ။

နောက်ပိုင်းပွဲစဥ်တွေမှာ ဖရက်ဒ်ရဲ့ ခြေစွမ်း တိုးတက်လာပေမယ့် ယူနိုက်တက်ဘုတ်အဖွဲ့က ရန်းနစ်ဂ်အလိုရှိတဲ့ ကစားသမားကို လာမယ့် ဆောင်းရာသီမှာ ဝယ်ယူပေးဖို့ စီစဥ်ထားပါတယ်။

ဒီလိုအရပ်ရှည်ရှည်နဲ့ အရည်အသွေးမြင့် ကွင်းလယ်ကစားသမားအဖြစ် ယူနိုက်တက်နဲ့ သတင်းတွေထွက်နေတဲ့ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်၊ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒကလန်ရိုက်စ်တို့ရှိနေပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမားတွေကိုတော့ သက်ဆိုင်ရာအသင်းတွေက လာမယ့်ဇန်နဝါရီမှာ လက်လွှတ်ခံဖို့ မရှိပါဘူး။

အဲ့ဒါကြောင့် ရန်းနစ်ဂ် အလိုရှိနေတဲ့ အရပ်ရှည်ရှည် ကွင်းလယ်လူကို ရနိုင်၊ မရနိုင်ကတော့ စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ။ အသင်းမှာ တွမ်မီနေးရှိပေမယ့် ဒီကစားသမားရဲ့ အရည်အချင်းက အားရစရာမရှိတာကြောင့် ရန်းနစ်ဂ်ကတော့ သူ့ရဲ့ ပထမဆုံး ကစားသမားခေါ်ယူမှုအဖြစ် ကွင်းလယ်ကစားသမားတယောက်ကို အလိုရှိနေတာလည်းဖြစ်ပါတယ်။ 

Share

က္က