အနာဂတ်အတွက်လည်း လိုအပ်တဲ့သူလို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရောဘတ်တို ဖာမီနိုရဲ့ ပိုမိုကောင်းမွန်တဲ့ ဗားရှင်းဖြစ်တဲ့တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် တောင်းဆိုခြင်းခံခဲ့ရပါတယ်။

လီဗာပူးလ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်ဆုဖလားအတွက် ပြင်းထန်တဲ့ စိန်ခေါ်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းနဲ့ သူတပြန် ကိုယ်တပြန် တိုက်ပွဲဝင်နေရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်အသင်းဟာ နှစ်သစ်ကို မန်စီးတီးရဲ့နောက် ၃ မှတ်အကွာကနေ ဝင်ရောက်ရတော့မှာဖြစ်ပြီး အဲဒါထက်ပိုတာက နည်းပြ ကလော့ပ်အနေနဲ့ အဓိကစားသမားတွေဖြစ်တဲ့ မာနေးနဲ့ ဆာလားတို့ အာဖရိကဖလားအတွက် ထွက်ခွာတော့မှာဖြစ်တာကြောင့် ကြယ်ပွင့်တိုက်စစ်မှူးတွေ မပါဘဲ နှစ်သစ်ကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။



ဆာဒီိယို မာနေးနဲ့ မိုဟာမက် ဆာလားတို့ အာဖရိကပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ခြင်းက လီဗာပူးလ်အသင်းကို ဇန်နဝါရီလမှာ မဖြစ်မနေ ငွေသုံးရဖို့ ဖြစ်လာစေမှာဖြစ်ပြီး ပေါလ် မာဆန်က ရာအူးလ် ဟီမီနက်ဇ်ကို ဖြစ်င်္နိုင်ဖွယ် ခေါ်ယူမှုအဖြစ် အကြံပြုထားတာဖြစ်ပါတယ်။ ပေါလ် မာဆန်က မက္ကဆီကိုတိုက်စစ်မှးဟာ ဆာလားနဲ့ မာနေးတို့နေရာအတွက် ဖာထေးရုံတင်မကဘဲ ရာသီဒုတိယဝက်နဲ့ အဲဒီထက်ကျော်လွန်ပြီး တိုက်စစ်ကို ဦးဆောင်နိုင်မယ့် ရွေးချယ်စရာလည်းဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

"လီဗာပူးလ်က ဇန်နဝါရီမှာ အာဖရိကဖလားပြိုင်ပွဲအတွက် ပြန်လည်ဖာထေးတဲ့အနေနဲ့တင်မဟုတ်ဘဲ ရာအူးလ် ဟီမီနက်ဇ်လိုမျိုး အထောင်တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ လိုပါတယ်။ သူတို့တွေအနေနဲ့ မာနေးနဲ့ ဆာလားတို့ အဝေးရောက်နေချိန်မှာ တစ်စုံတစ်ယောက်ကို ခေါ်ယူဖို့ လိုပါတယ်။ ဒါပေမယ့် အနာဂတ်အတွက်လည်း သူတို့တွေ တစ်စုံတယောက်ကိုလိုအပ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ တိုက်စစ် ၃ ဦးအပေါ်မှာ ဖိအားပေးနိုင်ပြီး သူတို့ကို လာမယ့် နှစ်အနည်းငယ်အတွင်း ပရီးမီးယားလိဂ်ဖလားကို ပုံမှန်ရရှိနေအောင် ကူညီပေးနိုင်မယ့် ကစားသမားကို လိုအပ်ပါတယ်"

"လာမယ့် ၅ နှစ်မှာ ဒုတိယဖြစ်လာရင်တော့ အဲဒါက မကောင်းပါဘူး။ ဂျိုတာနဲ့ ဖာမီနိုတို့က အရမ်းကောင်းတဲ့ကစားသမားတွေဖြစ်ပေမယ့် သူတို့တွေက သင့်လျော်တဲ့ အထောင်တိုက်စစ်မှူးတစ်ယောက် လိုအပ်နေဆဲလို့ ကျွန်တော် ထင်ပြီး သူတို့တွေ ဟီမီနက်ဇ်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် သူ ကစားနိုင်ပါလိမ့်မယ်။ သူက ဂိုးတွေ ပိုမိုသွင်းယူနိုင်တဲ့ ဖာမီနိုရဲ့ ပိုမို ကြီးမားတဲ့ဗားရှင်းပါ။ သူက မျှော်မှန်းထားတဲ့ အတိုင်းအတာတစ်ခုထိ ရောက်ရှိလာနိုင်ပြီး အဲဒီလိုမျိုး အမြင်မျိုး ရှိပါတယ်။ ပြီးတော့ ဝုဗ်စ်မှာ ဂျိုတာနဲ့ လုံလောက်တဲ့အချိန်ပမာဏတစ်ခုလောက်အထိ တွဲကစားခဲ့ပါတယ်"

"သူ အပတ်တိုင်း ကစားဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် သူ ပွဲကစားချိန် ရပါလိမ့်မယ်။ လီဗာပူးလ်အသင်းက တစ်ရာသီကို ပွဲတွေ အများကြီး ကစားရပြီး သူက သူတို့ကို မတူညီတဲ့တစ်စုံတရာကို ပေးပါလိမ့်မယ်။ သူက မဖြစ်မနေ လိုအပ်တဲ့အရာတွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒါက ကောင်းမွန်တဲ့ ကောင်းမွန်မှုဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ သူ ရောက်လာပြီး အပတ်တိုင်း မကစားခဲ့ရင်လည်း ခြေစွမ်းကျနေမှာမဟုတ်ပါဘူး။ သူတို့တွေ လိုနေတာက အဲဒါပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က