လူစားလဲမှု (၅) ခု ခွင့်ပြုပေးဖို့ တူဟယ်လ်ကပါ တောင်းဆိုလာတာပါ။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနေနဲ့ လူစားလဲမှု (၅) ယောက် ခွင့်ပြုဖို့ အရေးတကြီး လိုအပ်လာပြီလို့ ချဲလ်ဆီးနည်းပြ တူဟယ်လ်က ဖွင့်ဟပြောကြားလိုက်ပါတယ်။ ပရီးမီးယားလိဂ်အသင်းအများစု ကိုဗစ်နှိပ်စက်မှုဒဏ်ကို တော်တော်လေး ခံစားနေရပြီး ချဲလ်ဆီးကလည်း ဒီအထဲမှာ တသင်းအပါအဝင်ပါ။



ပြီးခဲ့တဲ့အပတ်က ဝုလ်ဗ်နဲ့ အဝေးကွင်းပွဲစဥ်မတိုင်ခင် ချဲလ်ဆီးအသင်းတွင်း ကိုဗစ်ကူးစက်မှုတွေ အလွန်မြင့်တက်လာတာကြောင့် ပွဲရွှေ့ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ခွင့်ပြုချက်မရခဲ့ပါဘူး။ အဲ့ဒါကြောင့် ဝုလ်ဗ်နဲ့ပွဲမှာ ချဲလ်ဆီးတို့ အရံကစားသမား (၆) ယောက်သာ စာရင်းတင်နိုင်ခဲ့သလို ဒီအထဲမှာ ဂိုးသမား (၂) ယောက်အထိ ပါဝင်ခဲ့ပါတယ်။

ပွဲထွက်ကစားသမားစာရင်းမှာလည်း နောက်ခံလူ ချာလိုဘာ့ဂ်က ကွင်းလယ်အထိ တက်ကစားခဲ့ရပြီး ချဲလ်ဆီးအနေနဲ့ အဝေးကွင်းမှာ ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာလည်း တူဟယ်လ်က “ကျနော်တို့လည်း အခြားသူတွေနည်းတူ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာပါ”

“စိုးရိမ်တာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ကျနော်တို့က ဘောလုံးသမားတွေ၊ နည်းပြတွေပဲဖြစ်နေတာ မဟုတ်ဘူးလေ။ ကျနော်တို့က ဖခင်တွေလည်းဖြစ်တယ်၊ မိသားစုဝင်တွေလည်းရှိပါတယ်။ အခုချိန်ထိ ကျနော်တို့က ကိုယ်ချစ်တဲ့အရာကို လုပ်ခွင့်ရနေဆဲဖြစ်ပြီး ဒါကလည်း အခွင့်ထူးခံပါ”

“ဒါပေမယ့် ကျနော်တို့အနေနဲ့ လူစားလဲမှု (၅) ယောက် ခွင့်ပြုဖို့ တွန်းအားပေးချင်ပါတယ်။ ဒါက ကိုဗစ်ကာလလို ခက်ခဲတဲ့အချိန်မျိုးမှာ ကစားသမားတွေကို အကာအကွယ်ပေးရာရောက်ပါတယ်။ အခု အခြေအနေတွေက တော်တော်လေးကို ပြင်းထန်တယ်၊ တောင်းဆိုမှုများပြားတယ်၊ စိန်ခေါ်မှုတွေရှိနေပါတယ်။ ကစားသမားတွေရဲ့ ကျန်းမာရေးအတွက် အနည်းဆုံး လူစားလဲမှု (၅) ခု ခွင့်ပြုသင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

တူဟယ်လ်မတိုင်ခင်က ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ နည်းပြတွေဖြစ်တဲ့ ဂွါဒီယိုလာ၊ ကလော့ပ်နဲ့ ရန်းနစ်ဂ်တို့ကလည်း လူစားလဲမှု (၅) ခု ခွင့်ပြုဖို့နဲ့ ပွဲစဥ် ဇယားရေးဆွဲမှု ကျပ်တည်းနေမှုတို့ကို ထောက်ပြပြောဆိုခဲ့ဖူးပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က