အဝတ်လဲခန်းထဲ တန်းဝင်သွားတဲ့ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ဂယ်ရီနဗီးလ်က ပြောကြားခဲ့တာပါ။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က နယူးကာဆယ်နဲ့ပွဲအပြီးမှာ ရော်နယ်ဒိုရဲ့ အပြုအမူကို နောက်တကြိမ် ထပ်မလုပ်ဖို့ တိုက်တွန်းပြောကြားလိုက်တယ်လို့ သိရှိရပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုတယောက် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ဖရေဆာကို ဖြတ်ကန်ခဲ့တဲ့ လုပ်ရပ်မှာ အနီကတ်မထိခဲ့တာလည်း သူ့အတွက် ကံကောင်းခဲ့တာပါ။



အသင်းနိုင်ပွဲမရရင် စိတ်ဆိုးစိတ်ပျက်လေ့ရှိတဲ့ ရော်နယ်ဒိုရဲ့ ဗီဇအရ ပွဲပြီး ခရာမှုတ်ချိန်မှာတော့ အဝတ်လဲခန်းထဲ တန်းဝင်သွားခဲ့ပြီး ဒီအပေါ်မှာ ဂယ်ရီနဗီးလ်က ထောက်ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အဲဗာတန်နဲ့ သရေကျခဲ့တဲ့ပွဲ၊ ဝက်ဖို့ဒ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲတို့မှာလည်း အလားတူပြုမူခဲ့ဖူးပြီး အခု နယူးကာဆယ်နဲ့ပွဲမှာလည်း ထပ်မံပြုမူခဲ့တာပါ။

ပုံမှန်အားဖြင့် အဝေးကွင်းပွဲပြီးသွားချိန်မှာ ကစားသမားတွေက လိုက်ပါအားပေးတဲ့ ပရိသတ်တွေကို ပုံမှန်နှုတ်ဆက်ရလေ့ရှိပြီး ရော်နယ်ဒိုကတော့ မနေ့ညက ဒါကို ပျက်ကွက်ခဲ့ပါတယ်။ ဂယ်ရီနဗီးလ်က “မင်းအနေနဲ့ အသင်းဖော်တွေ မင်းကိုလိုအပ်နေတဲ့ အဲ့ဒီအခိုက်အတန့်မှာ ရှိနေပေးသင့်ပါတယ်။ ကျနော် ရော်နယ်ဒိုကို ချစ်ခင်မြတ်နိုးပါတယ်”

“သူက ကျနော့်ဘဝမှာ မြင်ဖူးသမျှထဲ အကောင်းဆုံးကစားသမားပါ။ ဒါပေမယ့် ဒီလိုမျိုး ကွင်းထဲကနေ ထွက်မပြေးပါနဲ့။ ငါ့တုန်းကလည်း ဒါမျိုး မလုပ်ခဲ့ဖူးပါဘူး။ မင်း ဘယ်လို ကစားခဲ့သလဲ၊ ရလဒ် ဘယ်လိုထွက်သလဲ ငါ ဂရုမစိုက်ပါဘူး”

“ဒါပေမယ့် ပွဲပြီးသွားရင်တော့ ပရိသတ်တွေဆီသွားပြီး လက်ခုပ်တီးပေးသင့်ပါတယ်။ အထူးသဖြင့် မင်းက ကမ္ဘာ့အကောင်းဆုံးကစားသမား၊ ထာဝရ အကောင်းဆုံးကစားသမားတွေထဲက တယောက်ဖြစ်တယ်ဆိုရင် မင်း ဒါကို လုပ်ပေးသင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့အတူ ဘရူနိုဖာနန်ဒက်စ်ကိုလည်း ဂယ်ရီနဗီးလ်က တပါတည်းဝေဖန်သွားခဲ့သေးတာပါ။

ရော်နယ်ဒိုဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အဝါကတ် (၄) ကတ်အထိ ပြသခံထားရပြီး လာမယ့်ဘန်လေနဲ့ပွဲမှာသာ အဝါကတ် ထပ်မံပြသခံရရင်တော့ နောက်ကစားမယ့် ဝုလ်ဗ်နဲ့ပွဲကို လွဲချော်ရမှာဖြစ်ပါတယ်။ 

Share

က္က