အသင်းအတွက် အချိန်အတော်ကြာမှ ဂိုးပြန်သွင်းနိုင်ခဲ့တာလည်း​ဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ ဘရိုက်တန်တို့ရဲ့ ပွဲစဉ်ကတော့ တဖက်တဂိုးစီနဲ့ ပြီးဆုံးခဲ့ပါတယ်။ လူကာကူရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ ချယ်လ်ဆီးဟာ ပွဲပြီးခါနီးနာကျင်အချိန်ပိုမှာ ဝဲလ်ဘက်ခ်ရဲ့ ခေါင်းတိုက်ချေပဂိုးပြန်ပေးခဲ့ရပြီး အိမ်ကွင်းမှာ ရမှတ်တွေ လျော့ခဲ့ရကာ နိုင်ပွဲရခဲ့တဲ့ မန်စိးတီးနဲ့ ၈ မှတ်အထိကွာဟပြီး သူတို့ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေက ဝေဝါးလာခဲ့ပြီဖြစ်ပါတယ်။ 

ဒီရာသီမှာ ချယ်လ်ဆီးတို့ ရမှတ် ၁၁ အထိ ပြန်လည်ဆုံးရှုံးခဲ့ရမှုလည်းဖြစ်ပြီး ပြီးခဲ့တဲ့တရာသီလုံးမှာမှ ၁၀ မှတ်သာ ဆုံးရှုံးခဲ့ရတာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တော်တော်လးဆိုးဝါးတဲ့ အနေအထားလို့ ဆိုရမှာပါ။ ဘရိုက်တန်ကတော့ မိနစ် ၉၀ ပြည့်အပြီးမှာ ရမှတ် ၅ မှတ်အထိ ပြန်လည်ရယူနိုင်တဲ့အသင်းအဖြစ်ရှိနေပြီး ဘယ်အသင်းထက်မဆို ရမှတ်ပိုယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဘရိုက်တန်အတွက် ချေပဂိုးသွင်းယူပေးခဲ့တဲ့ ဝဲလ်ဘက်ခ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ၂ လကျော်အနားယူခဲ့ရသူဖြစ်ပြီး အသင်းအတွက် ပြန်ကစားပေးနိုင်တာ ဒီပွဲပါအပါနဲ့မှ ၂ ပွဲသာ ရှိသေးတာဖြစ်ပါတယ်။ တရာသီလုံးမှာမှ သွင်းဂိုး ၁ ဂိုးတည်းသာရရှိထားတဲ့ ကစားသမားဖြစ်ပြီး ချယ်လ်ဆီးနဲ့ပွဲမှာလည်း ၁၀ မိနစ်တည်းသာ ဝင်ကစားခွင့်ရခဲ့ကာ အဖိုးတန်ချေပဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ ဝဲလ်ဘက်ခ်က သူ့ရဲ့တွစ်တာကတဆင့် "စတန်းဖို့ဘရစ်ချ်တံတားမှာ Night Out ထွက်ခဲ့တယ်" လို့ ရေးသားကာ သူ့ရဲ့သွင်းဂီုးရရှိခဲ့တဲ့အပေါ် အောင်ပွဲခံသွားခဲ့ပါတယ်။ ယူနိုက်တက်နဲ့ အာဆင်နယ်တိုက်စစ်မှူးဟာ ဒဏ်ရာကြောင့် ၁၁ ပွဲအထိ အနားယူခဲ့ရပြီး ဘရန့်ဖို့ဒ်နဲ့ပွဲမှာမှ ပြန်ကစားပေးနိုင်ခဲ့ကာ ချယ်လ်ဆီးနဲ့ပွဲမှာတော့ အဖိုးတန်သွင်းဂိုးကို ရယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

Share

က္က