အဆင့်မြင့် ပန်းလှိုင်ဆေးရုံကြီးမှာ လာမယ့် (၂၀၂၂) ခုနှစ်၊ဇန်နဝါရီလ (၁)ရက်နေ့မှစတင်ပြီးစျေးနှုန်းသက်သက်သာသာနဲ့ ကျောက်ကပ်ဆေးနိုင်တော့မှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။
အခုလို ခက်ခဲကျပ်တည်းနေတဲ့ ကာလမှာ မိဘပြည်သူတွေ ကျန်းမာရေးစရိတ်သက်သာစေနိုင်ဖို့ ရည်ရွယ်ပြီးတော့ ပန်းလှိုင်ဆေးရုံက ကျောက်ကပ်ဆေးကုသမှုခံယူလိုသူတွေ အတွက် သက်သာတဲ့ စျေးနှုန်းနဲ့ ဝန်ဆောင်မှုပေးသွားမှာဖြစ် တယ်လို့ သိရပါတယ်။
ကျောက်ကပ်ပျက်စီးတဲ့ ရောဂါဆိုတာ တစ်ဦးမှ တစ်ဦး မကူးစက်နိုင်တဲ့ရောဂါမျိုးဖြစ်ပြီး မြန်မာလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အဓိက တွေ့ရတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ကျောက်ကပ် နာတာရှည် ပျက်စီးနေမှုကနေ အလုံးစုံ ပျက်စီးခြင်း အဆင့်ကို ရောက်လာတဲ့အခါ လူနာတွေ၊ မိသားစုတွေအတွက် ဆေးကုသချိန် ကြာမြင့်ခြင်းဟာဝန်ထုတ်ဝန်ပိုးပိုဖြစ်လာတာလည်းတွေ့ရပါတယ်။
ESRD လို့ခေါ်တဲ့ ကျောက်ကပ်ပျက်စီးခြင်း အဆင့် ကိုရောက်လာတဲ့အခါတစ်ပတ်ကို (၂-၃) ကြိမ် ခန့် ကျောက်ကပ်ဆေးကုသမှုခံယူရတာဖြစ်ပါတယ်။ အဲဒီလို အချိန်မှာ ကျန်းမာရေး အာမခံ မရှိသူတွေဟာ ကုသမှုကုန်ကျစရိတ်တွေကို မိမိအိတ်ထဲကစိုက်ထုတ်ကုသရပြီး မိသားစုပေါင်းများစွာဟာ ငွေကြေးအကြပ်အတည်း ကြုံနေကြရပါတယ်။
ဒါကြောင့်လူနာရှင်တွေတတ်နိုင်တဲ့ စျေးနှုန်းတစ်ခု သတ်မှတ်ပေးခြင်းဟာကျောက်ကပ်ဆေး ကုသခြင်းကိုရေရှည်လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ပန်းလှိုင် ဆေးရုံက ဆိုပါတယ်။
Photo credit: Pan Hlaing Hospital
ဒါကြောင့်အခုလို ပြည်သူတွေ အများအပြား အလုပ်အကိုင် တွေ ဆုံးရှုံး၊ဝင်ငွေနည်းပါးနေတဲ့ ကာလတွေမှာ ကျန်းမာရေးစရိတ်နဲ့ ပတ်သက်ပြီး သက်သာတဲ့စျေးနှုန်းလေးဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပန်းလှိုင်ဆေးရုံက ကျောက်ကပ်ဆေးခြင်းကုသမှုကို သက်သာတဲ့ ဈေးနှုန်းနဲ့ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။
လက်ရှိပန်းလှိုင်ဆေးရုံမှာကျောက်ကပ်ဆေးကုသမှု Packages က (၅၀,၀၀၀) ကျပ်ဝန်းကျင်ကျသင့်ပေမယ့် (၂၀၂၂)ခုနှစ်၊ နှစ်သစ်ကစတင်ပြီး ပိုမိုသက်သာတဲ့ စျေးနှုန်းအဖြစ်ကျောက်ကပ်ဆေးခြင်းဝန်ဆောင်မှုကို (၄၃,၀၀၀) ကျပ်နဲ့ လျှော့ချ၍ကုသမှုပေးသွားမှဖြစ်ပါတယ်။
ဒါ့အပြင် ပုံမှန်ကျောက်ကပ်ဆေး ကုသမှု ခံယူရသူတွေအတွက်
-တစ်နှစ်ကို နှစ်ကြိမ် နှလုံးတီဗီဓာတ်မှန်ရိုက်ခြင်း (Heart Assessment (Echo)) ၊
-တစ်နှစ်ကို နှစ်ကြိမ် အာဟာရဆိုင်ရာ ပညာရှင်နှင့် ဆွေးနွေးပေးခြင်း(Nutritional assessment)၊
-တစ်နှစ်ကိုခြောက်ကြိမ် ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးပေးခြင်း(Urea Test)
စတဲ့ ကုသမှုတွေပါ အခမဲ့ ရရှိနိုင်မှာလည်းဖြစ်ပါတယ်။
ဒီလို ကျောက်ကပ်ဆေးခြင်းနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ဆောင်မှုတွေကို
ပန်းလှိုင်ဆေးရုံ-လှိုင်သာယာ ဖုန်း-09 981 081 844
ပန်းလှိုင်ဆေးရုံ-မန္တလေး ဖုန်း- 09 952 207 781
ပန်းလှိုင်ဆေးခန်း-တော်ဝင် ဖုန်း- 09 513 7812
တို့မှာ ရရှိနိုင်ပြီး အသေးစိတ် ဆက်သွယ်မေးမြန်းနိုင် တယ်လို့လည်း သိရပါတယ်။
Share