ASUS ရဲ့ အမိုက်စား လက်ပ်တော့သစ်

တက်ဘလက်လိုရော လက်ပ်တော့လိုပါ သုံးနိုင်မယ့် ASUS ရဲ့ နောက်ဆုံးပေါ် ပရီမီယံထုတ်ကုန်သစ်ကို တရုတ်ဈေးကွက်မှာ Pre-Order မှာယူနိုင်ပြီလို့ ဆိုပါတယ်။ 

ASUS ROG Magic X ဟာ အပါးလွှာဆုံးနဲ့ အပေါ့ပါးဆုံး နောက်ဆုံးပေါ် 2-in-1 Notebook အမျိုးအစား ဖြစ်ပြီး စွမ်းဆောင်ရည်အမြင့်ဆုံးထုတ်ကုန်အဖြစ် ထွက်လာတာပါ။ ROG Magic X ဟာ ကီးဘုတ်နဲ့တွဲပြီး ရိုးရိုး Laptop တစ်လုံးလို သုံးနိုင်တဲ့အပြင် ကီးဘုတ်ဖြုတ်ထားပြီး Tablet တစ်လုံးအနေနဲ့ပါ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ အလေးချိန် ၁.၂ ကီလိုဂရမ် ရှိပြီး ထု ၁၂ မီလီမီတာပဲ ထူမယ်လို့လည်း ဖော်ပြထားပါတယ်။ 



Photo: digitnews


Screen Size ၁၃ လက်မရှိတဲ့ ROG Magic X ဟာ 4K (60Hz) နဲ့ 120Hz (FHD) ရုပ်ထွက်ဆိုပြီး Display အရည်အသွေးကို ပုံစံနှစ်မျိုးနဲ့ သုံးနိုင်မှာပါ။ Display Options နှစ်မျိုးစလုံးအတွက် Touch Screen ပံ့ပိုးမှု ပါရှိမှာ ဖြစ်ပါတယ်။ Screen ရဲ့ အပေါ်မှာ အကြမ်းခံ Corning Gorilla Glass မှန် နဲ့ ကာကွယ်ပေးထားပါတယ်။ Screen ကိုယ်ထည်အချိုး 16:10 ဒီဇိုင်းသုံးထားပြီး Adaptive-Sync နည်းပညာ ၊ Dolby Vision HDR ၊ အမြင့်ဆုံးတောက်ပမှု 500nits နဲ့ Pantone Color ထောက်ခံချက်တို့ ပါရှိပါတယ်။ 

ASUS ROG Magic X ဟာ ဈေးကွက်ထဲက စွမ်းဆောင်ရည်အမြင့်ဆုံးထုတ်ကုန်တစ်ခုအဖြစ် ထွက်လာတာပါ။ Intel Core i9-12900H Processor နဲ့လာပြီး ပရော်ဖက်ရှင်နယ်တွေနဲ့ ဂိမ်မာတွေအတွက် Heavy Task တွေ သာသာယာယာလုပ်ဆောင်နိုင်စေဖို့ NVIDIA GeForce RTX 3080 GPU တပ်ဆင်ထားပြီး XG Mobile Docking Station လည်း ပံ့ပိုးထားပါတယ်။ 


Photo: digitnews

LPDDR5 5200mHz RAM နဲ့ 1TB PCIe SSD Storage အထိ ပါဝင်လာပါတယ်။ Port တွေအနေနဲ့ USB Type-A Port ၊ DP1.4 နဲ့ PD Charging အတွက် Support ပေးမှု ပါလာတဲ့ USB 3.2 Type-C Port တို့လည်း တပ်ဆင်ထားပါတယ်။ နောက်ဘက်မှာ microCard Reader နဲ့ Thunderbolt 4 port တစ်ခုလည်း ပါရှိပါတယ်။ လက်ဗွေလုံခြုံရေးစနစ်အတွက် ပါဝါခလုတ်ထဲမှာ Windows Hello လည်း ပါရှိပါတယ်။ 

ASUS ROG Magic X ကို တရုတ်ဈေးကွက်မှာ ၁၃၄၉၉ ယွမ် (မြန်မာငွေ သိန်း ၄၀ နီးပါး) ဈေးနဲ့ Pre-Order လက်ခံနေတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က