waterdrop notch နဲ့ လာတဲ့ဖုန်း

တန်ဖိုးသင့်ဖုန်းတစ်လုံးဖြစ်တဲ့ Realme C35 ကို ထိုင်းဈေးကွက်မှာ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ 

Realme C35 ဟာ 50MP Main ကင်မရာ ၊ အကြီးစားဘက်ထရီပါဝါနဲ့ ၆.၆ လက်မ Screen Size သုံးလာတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ရှေ့ဘက်မှာ Waterdrop Notch ဒီဇိုင်း သုံးထားပြီး ကျောဘက်မှာ စတုဂံပုံစံ ကင်မရာအိမ်နဲ့ ကင်မရာ ၃လုံး ထည့်သုံးထားပါတယ်။ 



Photo: GSMArena


LCD Display အမျိုးအစားနဲ့လာပြီး ရုပ်ထွက် FHD+ Resolution နဲ့ 180Hz Touch Sampling Rate တို့ ပါရှိပါတယ်။ Refresh Rate အကြောင်း ထည့်ပြောတာမျိုးတော့ မတွေ့ရပါဘူး။ waterdrop notch ထဲမှာ 8MP Selfie ကင်မရာ ပါလာပါတယ်။ 

ကျောဘက်ကင်မရာအိမ်ထဲမှာ 50MP Main Sensor နဲ့အတူ 2MP Macro Lens နဲ့ VGA B&W Sensor တစ်ခု ပါရှိမှာပါ။ ပါဝါခလုတ်ထဲမှာ ဘေးဘောင်လက်ဗွေနည်းပညာ ထည့်သွင်းထားပြီး အောက်ခြေမှာ 3.5mm Headphone Jack တစ်ခုလည်း ပါရှိမှာ ဖြစ်ပါတယ်။ 

Realme C35 ဟာ 2GHz Octa-core Unisoc T616 chipset နဲ့ မောင်းနှင်ထားပြီး 4/64GB နဲ့ 4/128GB ဆိုပြီး မော်ဒယ်နှစ်မျိုးထွက်ပါတယ်။ USB Type C port နဲ့လာပြီး 5000mAh ဘက်ထရီကို 18W Charging နှုန်းနဲ့ အားသွင်းပေးသွားမှာပါ။ Glowing Green နဲ့ Glowing Black ကာလာ ၂ ရောင်နဲ့လာပြီး ထိုင်းဘတ် ၅၇၉၉ (မြန်မာငွေ ၃ သိန်း ၂ သောင်းခန့်) နဲ့ ထိုင်းဘတ် ၆၂၉၉ (မြန်မာငွေ ၃ သိန်းခွဲဝန်းကျင်) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က