ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ လူတစ်ယောက်တည်းကနေ ဒေါ်လာ ၅.၇ ဘီလျံဖိုး အလှူအတန်းလုပ်သွားပါတယ်။
ဒါကို အမေရိကန်ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် SEC ကို သွင်းတဲ့အချက်အလက်တွေမှာပဲ ဖော်ပြခဲ့တာပါ။ တနင်္လာနေ့က SEC ပေါ် ရောက်လာတဲ့ အချက်အလက်ထဲမှာ အကြမ်းဖျဉ်း ဒေါ်လာ ၅..၇ ဘီလျံဖိုးတန်တဲ့ အစုရှယ်ယာ ၅၀၄၄၀၀၀ စုကို အလှူလုပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
Photo: Yours Headline
နိုဝင်ဘာ ၁၉ ကနေ ၂၉ ရက်အတွင်း ပေးလှူခဲ့တာ ဖြစ်ပြီး ရှယ်ယာအလှူကို လက်ခံတဲ့ လူနဲ့ အဖွဲ့အစည်းနာမည်တော့ တပ်မထားပါဘူး။ ကပ်ဘေးကာလအတွင်းမှာ အခုလို ရက်ရက်ရောရော လှူခဲ့တဲ့တဲ့သူကတော့ လျှပ်စစ်ကားကုမ္ပဏီ Tesla ရဲ့ CEO အီလွန်မတ်စ်ပဲ ဖြစ်ပါတယ်။ မတ်စ်ဟာ ၂၀၂၁ ခုနှစ်အတွက် အမေရိကန်ရဲ့ အကြီးဆုံး အလှူရှင်တွေထဲမှာ ဒုတိယနေရာက ရှိသူလည်း ဖြစ်ပါတယ်။
အလှူအတန်းဘက်မှာ ကမ္ဘာကျော်ဘီလ်ဂိတ်စ်နဲ့ ဇနီးဟောင်း မယ်လင်ဒါဂိတ်စ်တို့နှစ်ဦးက ပြီးခဲ့တဲ့နှစ်ထဲမှာ ဒေါ်လာ ၁၅ ဘီလျံ ပေးလှူထားပြီး နံပါတ်တစ် အများဆုံးအလှူရှင်အဖြစ် ရပ်တည်နေတာပါ။ သူ့နောက်မှာမှ Tesla CEO က ဒုတိယအများဆုံးအလှူရှင်အဖြစ် Chronicle Of Philanthropy ဆိုတဲ့ ပရဟိတမှတ်တမ်းတင်တဲ့ အဖွဲ့ကြီးရဲ့ နှစ်စဉ် အဆင့်သတ်မှတ်ချက်မှာ ဖော်ပြထားပါတယ်။
မတ်စ်ဟာ ပြီးခဲ့တဲ့နှစ် နောက်ဆုံး နှစ်လအတွင်းမှာ ဒေါ်လာ ၁၆ ဘီလျံကျော်တန်တဲ့ သူ့ပိုင် ရှယ်ယာတွေ ရောင်းချခဲ့တာပါ။ ရောင်းတဲ့အထဲက အများစုဟာ ဖက်ဒရယ်အခွန် ၁၁ ဘီလျံခန့် ပေးဆောင်ရတာ ဖြစ်ပါတယ်။ လှူလိုက်တဲ့ ရှယ်ယာတွေအကြောင်းကို Tesla ကုမ္ပဏီကို CNBC က မေးရာမှာ လောလောဆယ် ဖြေကြားခြင်းတော့ မရှိသေးပါဘူး။
Photo: The Verge
မတ်စ်ဟာ ကလေးသူငယ်ကျန်းမာရေးသုတေသနဲ့ သိပ္ပံပညာရေးကဏ္ဍဘက်တွေမှာ ရံပုံငွေထောက်ပံ့ဖို့ ဖောင်ဒေးရှင်းတစ်ခုတစ်ခုလည်း တည်ထောင်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်က မတ်စ်ဟာ UN ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ဒါရိုက်တာကိုလည်း ဒေါ်လာ ၆ ဘီလျံ လှူရင် ကမ္ဘာ့အငတ်ဘေးဖြေရှင်းနိုင်မလားဆိုပြီး စိန်ခေါ်ခဲ့ပါတယ်။
WFP ဒါရိုက်တာဘက်က Plan ချပြပြီး တုံ့ပြန်ခဲ့ပေမယ့် မတ်စ်ဆီက စကားသံ ပြန်မကြားရပါဘူး။ မတ်စ်လှူလိုက်တဲ့ ဒေါ်လာ ၅.၇ ဘီလျံဟာ WFP ရဲ့ အငတ်ဘေးဖြေရှင်းရေးအတွက် ဖြစ်သွားပြီလားလို့ မေးကြည့်ချင်စရာပါပဲ။