ပြောင်းလိုက်တာမဟုတ်ဘူး။ ဖြုတ်လိုက်တာပါ

Rebrand လို့ခေါ်တဲ့ နာမည်ပြောင်းပွဲတစ်ခုကို Facebook အတွက် Meta က ထပ်လုပ်ပေးလိုက်ပါတယ်။ 

အင်္ဂါနေ့က Facebook App ရဲ့ တရားဝင် Twitter အကောင့်မှာ News Feed ကို Feed အဖြစ် တံဆိပ်ပြောင်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာပါတယ်။ News Feed ဆိုတာ ၂၀၀၆ ကတည်းက ပေးထားခဲ့တဲ့ နာမည်ဖြစ်ပြီး ၁၆ နှစ်အကြာမှာ News ကို ဖြုတ်ပြီး Feed လို့ပဲ ပြောင်းတော့မှာ ဖြစ်ပါတယ်။







"နာမည်ပြောင်းတာလေးတစ်ခုကနေ လူတွေကို ကွဲပြားတဲ့ content တွေ သူတို့ရဲ့ Feeds မှာ မြင်တွေ့ရေးကို ပိုပြီး ကောင်းမွန်တဲ့ထင်ဟပ်မှုတစ်ခုဖြစ်စေနိုင်ပါတယ်။"လို့ The Verge သတင်းဌာနကို ပေးပို့တဲ့ အီးမေးလ်မှာ Facebook က ရှင်းလင်းထားပါတယ်။ ဒီလို နာမည်ပြောင်းတာက App သုံးစွဲမှု အတွေ့အကြုံကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သက်ရောက်မှုတော့ မရှိဘူးလို့လည်း ပြောပါတယ်။ 

ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ ကုမ္ပဏီစပြီး တည်ထောင်ကတည်းက သုံးခဲ့တဲ့ Facebook နာမည်ကနေ Meta အဖြစ် Rebrand လုပ်ပြီး ပြောင်းလဲခဲ့ပါတယ်။ ဒီနှစ်ဆန်းပိုင်းမှာလည်း ကုမ္ပဏီရဲ့ VR Headsets ထုတ်ကုန်တွေကို Oculus အစား Meta နာမည်ပြောင်းတပ်ပြီး နာမည်သစ်ပေးတာတွေ လုပ်ခဲ့ပါတယ်။ 

Facebook ဟာ လစဉ် ပုံမှန်သုံးစွဲသူ ၂.၈၉ ဘီလျံခန့်ရှိထားတဲ့ ကမ္ဘာ့အကြီးဆုံး Social Network App တစ်ခုဖြစ်ပြီး Meta Brand အောက်မှာ Metaverse စီမံကိန်းတွေဆီ သွားဖို့ ကြိုးပမ်းနေပါတယ်။ လောလောဆယ် Meta ဟာ ကုမ္ပဏီပလက်ဖောင်းတွေရဲ့ ဆယ်ကျော်သက် စိတ်ကျန်းမာရေးကို ထိခိုက်စေမှုနဲ့ စုံစမ်းခံနေရသလို ဥရောပတိုက်သား သုံးစွဲသူအချက်အလက် ကိုင်တွယ်မှုနဲ့ပတ်သက်ပြီးလည်း EU ရဲ့ ဖိအားပေးဒဏ်ခံနေရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က