ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က ဒီကနေ့ည လီဗာပူးနဲ့ ကစားမယ့် ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ ချဲလ်ဆီးရှုံးခဲ့လို့ ယူကရိန်းစစ်ပွဲ ရပ်တန့်သွားမယ်ဆိုရင် ပျော်ပျော်ကြီးအရှုံးခံမယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ လီဗာပူးနဲ့ ချဲလ်ဆီးတို့ဟာ ဝင်ဘလေကွင်းမှာ ယှဥ်ပြိုင်ကစားကြမှာဖြစ်ပြီး ချဲလ်ဆီးအတွက် တလအတွင်း ဒုတိယမြောက် ဗိုလ်လုပွဲကို ကစားရမှာဖြစ်ပါတယ်။
ဒီပွဲမတိုင်ခင်မှာ အေဘရာမိုဗစ်ချ်က အသင်းရဲ့ စီမံအုပ်ချုပ်ခွင့်ကို ချဲလ်ဆီးဖောင်ဒေးရှင်းထံ လွှဲပြောင်းပေးခဲ့ပြီး ဒါဟာ အေဘရာမိုဗစ်ချ်အပေါ် ဗြိတိန်ဘက်က အရေးယူပိတ်ဆို့မှုပြုလုပ်လာရင် ချဲလ်ဆီးကို မထိခိုက်အောင် ကြိုတင်ပြင်ဆင်တာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
ရုရှားသမ္မတ ပူတင်နဲ့ ရင်းနှီးတဲ့ အေဘရာမိုဗစ်ချ်အနေနဲ့ အင်္ဂလန်ကို မလာရောက်နိုင်တာ အတော်ကြာနေပြီဖြစ်ပြီး အခု ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲချိန်မှာ အေဘရာမိုဗစ်ချ်ရဲ့ ဗြိတိန်ဒေသတွင်းက ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ တောင်းဆိုသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တူဟယ်လ်ကလည်း အသင်းအပေါ် ရိုက်ခတ်မှုတွေရှိနေကြောင်း ပြောကြားထားပြီး ဒီကနေ့ည ပွဲမတိုင်ခင် အခုလိုပဲ ထပ်မံပြောကြားလာတာပါ။
တူဟယ်လ်က “လီဗာပူးနဲ့ ကစားမယ့် ကာရာဘောင်ဖလား ဗိုလ်လုပွဲက ဆိုးရွားတဲ့ အငွေ့အသက်တွေ လွှမ်းမိုးနေပါလိမ့်မယ်။ ကျနော်က အပြည့်အဝ အာရုံစိုက်ပြီး အပြည့်အဝ အောင်ပွဲခံနိုင်ကြမှာတဲ့လား? ဒါကရော သင့်တော်တဲ့ ကိစ္စတခု ဟုတ်ရဲ့လား? ကျနော်ကတော့ အဲ့ဒီလိုပဲ တွေးမိပါတယ်”
“နောက်ပြီး ကျနော်တို့ ဒီပွဲကို ရှုံးနိမ့်ခဲ့ရင်ရော ဘယ်လိုမျိုး အကူအညီဖြစ်နိုင်မလဲ? မဖြစ်နိုင်ဘူးလေ။ တကယ်လို့ ဒီအရာက အကူအညီဖြစ်ခဲ့မယ်ဆိုရင် ကျနော်တို့ လီဗာပူးနဲ့ ဗိုလ်လုပွဲကို ပျော်ပျော်ကြီး အရှုံးခံသွားမှာပါ။ ရုတ်တရက်ကြီး ဥရောပတိုက်မှာ စစ်ပွဲဖြစ်လာခဲ့ပါတယ်။ ဒါက ကြောက်စရာကောင်းတဲ့ အခြေအနေတရပ်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။
ချဲလ်ဆီးမုန်းတီးသူတွေရဲ့ ဝေဖန်မှုနဲ့ ကစားသမားတွေကို စိတ်ဓာတ်လှုံ့ဆော်ပေးနိုင်မလားဆိုတဲ့ အပေါ်မှာလည်း တူဟယ်လ်က “ကိုယ့်အသင်းကို ကာကွယ်ဖို့ စိတ်ပိုင်းဆိုင်ရာကို တည်ဆောက်ရပါမယ်။ ဒါပေမယ့် ဒီကိစ္စမှာတော့ ဒါမျိုး အလှည့်အပြောင်းလုပ်ဖို့ဆိုတာက အရမ်းကိုကြီးမားတဲ့ ပြဿနာတရပ်ပါ။ ကျနော်တို့လည်း စိတ်ခံစားချက်ရှိှးချက်တို့ စိတ်ခးမားတဲ့ ပြဿနာတရညခာဖြစ်တာိပေးစကားပြောကြားလိုက်ပါတပြီး လူတိုင်းနဲ့အတူ ခံစားနေရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။