Samsung ထုတ် Mid-Ranger စီးရီးထဲက စွမ်းဆောင်ရည်မြင့်ဖုန်းတစ်လုံးအဖြစ် မြင်ရမယ့် ထုတ်ကုန်သစ်က Galaxy A53 ပါ။
မတ်လကုန်ပိုင်းလောက်မှာ မိတ်ဆက်သွားမယ်လို့ သတင်းပြေးနေတဲ့ ဒီဖုန်းဟာ Exynos 1280 Chipset သစ် သုံးလာမယ်လို့ ဆိုပါတယ်။ 5nm octa-core SOC ဟာ 2.4GHz Cortex-A78 cores နှစ်ခု နဲ့ 2.0 GHz Cortex-A55 Cores ခြောက်ခု ပါလာပြီး RAM 8GB/128GB Storage သုံးလာနိုင်ပါတယ်။
Storage ထပ်မြှင့်နိုင်အောင် microSD card slot ပါပေမယ့် နားကြပ်ပေါက်တော့ ပါလာဖို့ မရှိပါဘူး။ Galaxy A53 ဟာ 5G သီးသန့်မော်ဒယ်နဲ့ပဲ လာဖို့ ရှိပြီး 4G ဗားရှင်း မိတ်ဆက်မယ့်အကြောင်း သတင်းမကြားရသေးပါဘူး Galaxy A53 မှာ ရေစိုတာနဲ့ ဖုန်တင်တာမျိုးကိုလည်း IP Rating အမြင့်နဲ့ ခံနိုင်ရည်ရှိအောင် ဒီဇိုင်းထုတ်လာဖို့ရှိပါတယ်။
လောလောဆယ် သတင်းတွေအရ Screen Size ၆.၅ လက်မ FHD+ Super AMOLED Display နဲ့လာပြီး 120Hz Refresh Rate ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။ ဘက်ထရီပါဝါကိုလည်း အကြီးစား 5000 mAh ပါဝါ သုံးထားပြီး 25W Fast Charging သုံးလာနိုင်ပါတယ်။ ကင်မရာစနစ်ပိုင်းမှာ Galaxy A53 ဟာ Galaxy A စီးရီးဖုန်းတွေထဲမှာ ပထမဆုံး 8K 24FPS နဲ့ 4K 60FPS Videos တွေ ရိုက်ကူးနိုင်တဲ့ ဖုန်းဖြစ်မယ်လို့ ဆိုပါတယ်။
ရှေ့ဘက် အလယ်အပေါ်တည့်တည့် Punch-Hole ထဲမှာ 32MP Selfie ကင်မရာ သုံးထားပြီး ကျောဘက် 64MP Main Sensor ၊ 12MP Ultra-Wide ၊ 5MP Macro ကင်မရာ နဲ့ 5MP Depth Sensor ဆိုပြီး ကင်မရာ ၄ လုံး ပါနိုင်ပါတယ်။ ကျန်တဲ့ Feature တွေ အနေနဲ့ Under-Display လက်ဗွေစနစ် ၊ Bluetooth 5.1 ၊ Android 12 အခြေခံ OneUI 4.1 နဲ့လာဖို့ ရှိပါတယ်။
ဖုန်းဗူးထဲမှာတော့ Charger တုံး မပါတော့ဘူးလို့ ဆိုပါတယ်။ ဈေးနှုန်း ယူရို ၃၅၀ မြန်မာငွေ ၇ သိန်းခန့် ဈေးနဲ့ ရောင်းချသွားမယ်လို့လည်း သတင်းပြေးနေပါတယ်။