သတင်းအချက်အလက်မှားတွေ ဖြန့်တာကြောင့် ပိတ်လိုက်တာလို့ ဆိုပါတယ်။

Social Media ပလက်ဖောင်းတွေကို ပိတ်ပင်လာတဲ့ ရုရှားဟာ နောက်ထပ် ဆက်သွယ်ရေးအက်ပလီကေးရှင်းတစ်ခုကိုလည်း ပိတ်ချလိုက်တယ်လို့ ဆိုပါတယ်။

ရုရှားအာဏာပိုင်တွေဟာ Walkie-Talkie ဆက်သွယ်ရေး App တစ်ခုဖြစ်တဲ့ Zello ကို ပိတ်လိုက်ပြီလို့ ZDNet က ဖော်ပြပါတယ်။ တနင်္ဂနွေနေ့က ရုရှားတယ်လီကွန်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ Roskomnadzor ရဲ့ ကြေညာချက်ထဲမှာ ယူကရိန်းကျူးကျော်မှုအကြောင်း သတင်းအချက်အလက်မှားတွေ ဖြန့်တာကြောင့် Zello ကို ပိတ်လိုက်တာလို့ ဆိုပါတယ်။ 





“မတ်လ ၄ ရက်နေ့က ဆုံးဖြတ်ချက်ပေါ် အခြေတည်ပြီး Roskomnadzor ဟာ အမေရိကန် အင်တာနက်အရင်းအမြစ် Zello ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ယူကရိန်းနယ်စပ် ရုရှားလက်နက်ကိုင်ဖက်ဒရေးရှင်းတပ်ရဲ့ အထူးစစ်ဆင်ရေးအကြောင်းကို မှားယွင်းတဲ့ သတင်းအချက်အလက်တွေ ပါတဲ့ မက်ဆေ့တွေကို သုံးစွဲသူတွေဆီ ဖြန့်ဝေပေးပို့တာ ရပ်ဖို့ အကြောင်းကြားတောင်းဆိုခဲ့ပါတယ်။ ”လို့ Roskomnadzor က ဆိုပါတယ်။ 

Zello အင်တာနက်အရင်းအမြစ် စီမံအုပ်ချုပ်ရေးအဖွဲ့ဟာ ဥပဒေအတိုင်း ထုတ်ပြန်တဲ့ ကာလအတွင်း Roskomnadzor ရဲ့ တောင်းဆိုချက်အတိုင်း လိုက်နာခြင်း မရှိခဲ့တာကြောင့် ၂၄ နာရီအတွင်း App ရယူအသုံးပြုနိုင်မှုကို ကန့်သတ်လိုက်တယ်လို့ ပြောပါတယ်။ ရုရှားအစိုးရဟာ ၂၀၁၇ ခုနှစ်ကလည်း နိုင်ငံအတွင်းထဲမှာပဲ သုံးစွဲသူနဲ့ စကားပြောဆိုမှု မှတ်တမ်းတွေ သိမ်းဆည်းရမယ့် ဥပဒေ မလိုက်နာမှုနဲ့ Zello ကို ပိတ်ခဲ့ဖူးပါတယ်။



အလုပ်အကိုင်ဆက်သွယ်ရေးအတွက် အဓိကပစ်မှတ်ထားပေမယ့် Zello app ဟာ နိုင်ငံတကာက ဆန္ဒပြသူတွေအကြားမှာ ရေပန်းစားတဲ့ ဆက်သွယ်ရေးအက်ပလီကေးရှင်း ဖြစ်လာခဲ့ပါတယ်။ ယူကရိန်းပေါ် ရုရှားကျူးကျော်မှု မစတင်ခင်ကတည်းက ကနေဒါမှာ ကာကွယ်ဆေးမဖြစ်မနေ ထိုးနှံရမှုအပေါ် ကန့်ကွက်ဆန့်ကျင်သူများနဲ့ တခြား နိုင်ငံရေး ၊ လူမှုပြုပြင်ရေး ဆန္ဒပြသူတွေအကြားမှာ Zello ကို လူသုံးများခဲ့တာပါ။ 

Roskomnadzor ဟာ ရုရှားမီဒီယာနဲ့ သတင်းအချက်အလက် အရင်းအမြစ်တွေကို ခွဲခြားဘက်လိုက်မှုရှိတယ်လို့ စွပ်စွဲပြီး Facebook ကို ပိတ်လိုက်ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့မှာ ကြေညာခဲ့သလို Twitter လည်း ရုရှားမှာ အပိတ်ခံထားရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က