အသင်းရဲ့ခရီးစရိတ်တွေကန့်သတ်ခံရမှုနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။

ချယ်လ်ဆီးအပေါ် ဗြိတိန်အစိုးရဲ့ ပိတ်ဆို့အရေးယူထားမှုတွေကြောင့် အသုံးစရိတ်ကို အကန့်အသတ်နဲ့သာ သုံးစွဲရမှာဖြစ်ပေမယ့် နည်းပြတူချယ်လ်ကတော့ သူတို့ရဲ့ လိုင်လီကိုသွားကစားရမယ့် ခရီးစဉ်အတွက် ဘာပြသနာမှမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒီခရီးစဉ်အတွက် လိုအပ်တယ်ဆိုရင် ၇ ယောက်ထိုင် ကားကို မောင်းပြီးတော့ သွားမယ်လို့ သူက အခိုင်အမာပြောဆိုခဲ့ပါတယ်။ 

ချယ်လ်ဆီးဟာ လိုင်လီကို အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းပိုင်ရှင်အေဘရာမိုဗစ်ကို ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ထားတာကြောင့် အသင်းအသုံးစရိတ်ကိုပါ ကန့်သတ်ခံလိုက်ရပြီး အဝေးကွင်းပွဲသွားရောက်ကစားရာမှာ ခရီးအသုံးစရိတ်တွေလည်းပါဝင်နေတာဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး တူချယ်လ်က အခုလိုပဲ ပြောဆိုခဲ့ပါတယ်။ 

"ကျွန်တော်ပြောနိုင်တဲ့ နောက်ဆုံးသတင်းအချက်အလက်ကတော့ ကျနော်တို့မှာ လေယာဉ်တစီးရှိတယ်၊ အဲဒီလေယာဉ်နဲ့ ကျနော်တို့ အသွားအပြန်လုပ်နိုင်မှာပါ၊ အဲဒါမှမရဘူးဆိုရင် ရထားနဲ့သွားမယ်၊ အဲဒါမှမရသေးဘူးဆိုရင် ဘတ်စ်ကားနဲ့သွားမယ်ဗျာ၊ နောက်ဆုံးဘာမှမရဘူးဆိုရင် ၇ ယောက်ခုံပါတဲ့ ကားကို ကျနော်မောင်းသွားမယ်၊ ကျနော် အဲဒီလိုလုပ်မယ်"

"ကျနော်ပြောတဲ့စကားအတိုင်း လုပ်မှာပါ၊ အဲဒီကို ကျနော်တို့ ရောက်သွားပါလိမ့်မယ်" လို့ ပြောဆိုခဲ့ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ အသင်းအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း အသင်းပိုင်ရှင်ဒဏ်ခတ်ပိတ်ဆို့ခံရပြီးနောက် ကစားခဲ့တဲ့ နှစ်ပွဲစလုံးကို အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ 


ဒီပြသနာတွေက အသင်းတွင်းမှာ အနည်းနဲ့အများရိုက်ခတ်ခဲ့ပေမယ့် တူချယ်လ်က သူ့အသင်းကို အကောင်းဆုံးဦးဆောင်နေဆဲဖြစ်ပါတယ်။ 

Share

က္က