ရန်းနစ်ဂ်ကတော့ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ မျှော်လင့်ထားတာပါ။

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က ဒီကနေ့ညမှာ ကစားမယ့် အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ပွဲစဥ်မှာ ရော်နယ်ဒို ဟက်ထရစ်ထပ်သွင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ကြုံးဝါးပြောဆိုလိုက်ပါတယ်။



စပါးကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ ရော်နယ်ဒိုက အသင်းအတွက် အရေးပါတဲ့ ဟက်ထရစ်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့နောက် အက်သလက်တီကိုနဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက် ယူနိုက်တက်တို့ ယုံကြည်မှုတွေ ပိုမိုအားကောင်းနေပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝအတွက် (၅၉) ကြိမ်မြောက် ဟက်ထရစ်ကို သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီလိုမျိုး အသက် (၃၇) နှစ်အရွယ် ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ရန်းနစ်ဂ်က “ရော်နယ်ဒိုက ဘယ်လိုပရော်ဖက်ရှင်နယ် ကစားသမားမျိုးလဲဆိုတာကို စပါးနဲ့ပွဲမှာ သက်သေပြခဲ့ပြီးပါပြီ။ နောက်ပြီး သူ ဘယ်လိုအဆင့်အတန်းမျိုးမှာ ကစားနေနိုင်သေးလဲဆိုတာကိုလည်း ပြသခဲ့တာဖြစ်ပါတယ်”

“သူ ပြသခဲ့တဲ့ ခြေစွမ်းအရဆိုရင် အခုထိ ယူနိုက်တက်အတွက် အရမ်းကို အရေးပါတဲ့ ကစားသမားဖြစ်နေသေးပြီး မတူကွဲပြားချက်တွေကို သူက စွမ်းဆောင်ပြနိုင်ဆဲပါ။ သူ ဒဏ်ရာက ပြန်ကောင်းလာဖို့အတွက် ကျနော်မစိုးရိမ်ခဲ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက ကိုယ့်ကိုယ်ကိုယ် အရမ်းဂရုစိုက်တတ်တယ်လေ”

“ဘယ်အချိန်မှာ ဘာလုပ်ရမလဲဆိုတာကို သူ ကောင်းကောင်းသိပါတယ်။ သူ အက်သလက်တီကိုနဲ့ပွဲမှာ (၃) ဂိုးထပ်သွင်းနိုင်ဦးမလား ကျနော်တို့ စောင့်ကြည့်ကြမယ်လေ။ စနေနေ့တုန်းက သူ့ရဲ့ စွမ်းဆောင်ရည်အားလုံးက အရမ်းကောင်းပါတယ်။ ဒါမျိုးကို အက်သလက်တီကိုနဲ့ပွဲမှာလည်း ထပ်မံပြသနိုင်ဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

က္က