အမြန်ဖယ်ရှားထားတယ်လို့ ဆိုပါတယ်။

လူမှုကွန်ရက်ကုမ္ပဏီ Meta ဟာ ပလက်ဖောင်းပေါ် ရောက်လာတဲ့ ယူကရိန်းသမ္မတပုံနဲ့ အတုအပလုပ်ထားတဲ့ Deepfake ဗွီဒီယို တစ်ခုကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။ 

Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ထိန်းချုပ်ခံမီဒီယာတစ်ခုကနေ လူမှုကွန်ရက်စည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့ Deepfake ဗွီဒီယိုကို ဖယ်ရှားလိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ပါတယ်။ Deepfake ဆိုတာ AI လို့ခေါ်တဲ့ ဉာဏ်ရည်တုနည်းပညာကို သုံးပြီး လူတစ်ယောက် မပြောဘဲနဲ့ ပြောသလို ဗွီဒီယိုမျိုးဖြစ်အောင် ဖန်တီးတာပါ။ 






Facebook ဟာ ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇလန်းစကီးကို Deepfake ပြောင်းထားတဲ့ ဗွီဒီယိုတစ်ခုကို လူမှုကွန်ရက်စည်းကမ်းချိုးဖောက်မှုနဲ့ ဖယ်ရှားခဲ့တာ ဖြစ်ကြောင်း Meta လုံခြုံရေးမူဝါဒအကြီးအကဲ နာသန်နီယယ် ဂလိုင်ချာက Twitter ကနေတစ်ဆင့် ထုတ်ပြန်ပါတယ်။ 

"ဒါက ထိန်းချုပ်ခံထားရတယ်လို့ ပြောထားတဲ့ ဝက်ဘ်ဆိုက်တစ်ခုပေါ်ကနေ တက်လာပြီး အင်တာနက်ပေါ် လွှင့်တင်လာတာပါ။ ဦးတည်ချက်လွဲအောင် လုပ်ပြီး မူဝါဒချိုးဖောက်လို့ ဒီဗွီဒီယိုကို အလျင်အမြန်ပဲ စစ်ဆေးပြီး ဖယ်ရှားလိုက်ပါတယ်။ တခြားပလက်ဖောင်းတွေက ကျွန်တော်တို့ရဲ့တွဲဖက်တွေကိုလည်း အသိပေးထားပါတယ်။" လို့ ဂလိုင်ချာက ပြောပါတယ်။ 

ဒီဗွီဒီယိုထဲမှာ ဇလန်းစကီး မပြောထားတာတွေ ပါဝင်နေတယ်လို့ ဂလိုင်ချာက ပြောပေမယ့် ဘယ်လိုအကြောင်းအရာတွေလဲ ဆိုတာတော့ အသေးစိတ် ပြောကြားခြင်း မရှိပါဘူး။ Business Insider သတင်းမှာတော့ ဇလန်းကီးရဲ့ Deepfake ဗွီဒီယိုထဲမှာ ယူကရိန်းစစ်သားတွေ လက်နက်ချဖို့ တိုက်တွန်းတဲ့အကြောင်း လုပ်ကြံဖန်တီးထားတယ်လို့ ဆိုပါတယ်။ 

အခုလို Deepfake ဗွီဒီယိုတွေ ရှင်းလင်းရေးဟာ ယူကရိန်းကို ရုရှားတို့ ဝင်တိုက်ပြီးနောက် Meta ပလက်ဖောင်းအနေနဲ့ သတင်းအချက်အလက်မှားတွေ လူမှုကွန်ရက်ပေါ် တက်မလာအောင် ကြိုးစားရင်း ကြုံရတဲ့ စိန်ခေါ်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။

Share

Loading Next Article...
က္က