တူဟယ်လ်တယောက် ချန်ပီယံလိဂ်ရဲ့နာမည်ကျော်နည်းပြတွေနဲ့ ပခုံးချင်းယှဥ်နိုင်ခဲ့တာပါ။

ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်ဟာ လိုင်လီကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ ပွဲစဥ်အပြီးမှာ ချန်ပီယံလိဂ်သမိုင်းသစ်တခုကို ရေးထိုးလိုက်တယ်လို့ သိရှိရပါတယ်။ ချဲလ်ဆီးဟာ အဝေးကွင်းမှာ ကစားခဲ့ရပြီး ပြိုင်ဘက်ရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်ခြင်းခံခဲ့ရပါတယ်။



ဒါပေမယ့် ပူလီဆစ်၊ အက်ဇ်ပီလီကွီတာတို့ရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကြောင့် နှစ်ကျော့ပေါင်းရလဒ် ၄-၁ ဂိုးနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် တူဟယ်လ်ဟာ သူ့ရဲ့နည်းပြဘဝ နိုင်ပွဲ (၃၂) ပွဲအထိ ရှိလာခဲ့ပြီး ရီးရဲယ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလား (၃) ကြိမ်ဆွတ်ခူးထားတဲ့ ဇီဒန်းရဲ့ ချန်ပီယံလိဂ်နိုင်ပွဲ အရေအတွက်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ် ပထမဆုံးပွဲ (၅၀) အတွင်း နိုင်ပွဲအများဆုံးရယူထားတဲ့ ဂျာမန်နည်းပြကြီး ဂျက်ဟေးနက်စ်ရဲ့ စံချိန်နဲ့လည်း တူညီသွားခဲ့ပါတယ်။ ဂျက်ဟေးနက်စ်ဟာ ပထမဆုံး ချန်ပီယံလိဂ် (၄၇) ပွဲအတွင်း နိုင်ပွဲ (၃၂) ပွဲ ရရှိခဲ့ခြင်းဖြစ်ပါတယ်။

ဇီဒန်းကလည်း ပထမဆုံး ချန်ပီယံလိဂ်ပွဲ (၅၀) အတွင်း (၃၁) ပွဲနိုင်ပွဲရရှိခဲ့ကာ အခုတခါမှာတော့ ချဲလ်ဆီးနည်းပြ တူဟယ်လ်က အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ တူဟယ်လ်ဟာ ချဲလ်ဆီးကို စတင်ကိုင်တွယ်ပြီး လပိုင်းအကြာမှာတင် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားတို့ကိုလည်း ရယူနိုင်ခဲ့ပြီး အေဘရာမိုဗစ်ချ်ကြောင့် ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရသည့်တိုင် တူဟယ်လ်ရဲ့ ချဲလ်ဆီးက ပြိုင်ပွဲစုံ နောက်ဆုံး (၃) ပွဲဆက်တိုက်ကို အနိုင်ရလဒ်ရရှိရှ (၃) ပွဲဆက်တိုက်ကို အနိုင်ရလှ်ပအောင် စွမ်းဆောင်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

Share

က္က