ကုမ္ပဏီသက်တမ်း ၄ နှစ်ခန့် အတွင်းမှာ realme ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တိုးတက်မှုအမြန်ဆုံး 5G ဖုန်းအမှတ်တံဆိပ်ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် ၆ ခုစာရင်းမှာ အပါအဝင်ဖြစ်တဲ့ realme ဟာ ပထမဆုံးအကြိမ် အနေနဲ့ ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး 5G ဖုန်းအမှတ်တံဆိပ် ဖြစ်လာခဲ့တာလို့ ထုတ်ပြန်ပါတယ်။ ဖွံ့ဖြိုးမှုအားကောင်းလာခြင်းနဲ့အတူ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်နေရာ ၂၀ ကို 5G စမတ်ဖုန်းတင်ပို့မှုမှာ realme ဟာ ထိပ်ဆုံးအမှတ်တံဆိပ် ၅ နေရာစာရင်းဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။
Counterpoint Research ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ realme ရဲ့ 5G ဖုန်းတင်ပို့မှုဟာ ၂၀၂၁ စတုတ္ထသုံးလပတ်အတွင်း နှစ်အလိုက်တိုးတက်မှု ၁၆၅% အထိ တက်လာခဲ့ပြီး တိုးတက်မှုအမြန်ဆုံးအမှတ်တံဆိပ်အဖြစ် ရပ်တည်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ realme ဟာ အနောက်ဥရောပဈေးကွက်တွေ ဖြစ်တဲ့ အီတလီ ၊ ပြင်သစ် ၊ စပိန် ၊ ယူကေနဲ့ ဆွစ်ဇာလန်တို့မှာ ဈေးကွက်တိုးချဲ့နေရာယူနိုင်မှု မြင့်တက်လာခဲ့သလို realme 8 5G နဲ့ GT Series တွေရဲ့ ရောင်းအားကြောင့်လည်း အဲ့ဒီဈေးကွက်နေရာတွေမှာ တိုးတက်မှုအမြန်ဆုံးအမှတ်တံဆိပ်အဖြစ်ကို ရောက်ခဲ့တာလို့ ဆိုပါတယ်။
realme အနေနဲ့ 5G စနစ်သုံး စမတ်ဖုန်းတွေ လူသုံးများစေဖို့ ပျမ်းမျှရောင်းဈေးကို ၂၀၂၀ ပထမသုံးလပတ်မှာ ကန်ဒေါ်လာ ၂၇၀ ကနေ ၂၀၂၂ ပထမသုံးလပတ်မှာ ကန်ဒေါ်လာ ၂၀၀ အောက်အထိ လျှော့ချပေးလာတယ်လို့လည်း သိရပါတယ်။