ပြီးခဲ့တဲ့အပတ်က ထွက်လာတဲ့ update ပါ

Apple ရဲ့ ဆော့ဖ်ဝဲလ် Update သစ်ဟာ iPhone သုံးစွဲသူတွေအတွက် ပြဿနာတစ်ခု ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၁၄ ရက်နေ့က Apple ဟာ iPadOS 15.4 ၊ macOS Monterey ၊ watchOS 8.5 ၊ HomePod Software 15.4 နဲ့ tvOS 15.4 တို့နဲ့အတူ iPhone အတွက် iOS 15.4 update သစ်ပါ ဖြန့်ချိခဲ့တာပါ။ iOS 15.4 မှာ အရေးကြီးတဲ့ feature တစ်ခုက သုံးစွဲသူကို Mask တပ်ထားချိန်မှာတောင် FaceID သုံးပြီး ဖုန်း unlock ဖွင့်နိုင်မယ့်စနစ် ပါလာပါတယ်။ 





ဒီ feature က Apple Watch မရှိတဲ့ users တွေအတွက် တော်လေး အဆင်ပြေလာတဲ့ feature တစ်ခုဖြစ်တယ်လို့ GSMArena သတင်းက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ်က iOS 14.5 ထဲမှာ Apple Watch ရှိတဲ့ iPhone သုံးစွဲသူတွေကို mask တပ်ချိန် FaceID သုံးနိုင်မယ့် feature ပါလာခဲ့ပါတယ်။ iOS 15.4 သစ်ဟာ Mask တပ်ရင်းနဲ့ FaceID သုံးနိုင်ပေမယ့် ပြဿနာတစ်ခုက ဘက်ထရီအားကုန်မြန်နေတာပဲ ဖြစ်ပါတယ်။ 

Twitter သုံးစွဲသူတစ်ဦးဖြစ်တဲ့ Maxim Shishko က iOS 15.4 update တင်ပြီးနောက် သူ့ရဲ့ iPhone 13 Pro Max ဟာ ဘက်ထရီအကုန်မြန်နေတယ်လို့ တင်ထားပါတယ်။ နောက်ထပ် iPhone 13 Pro Max ပိုင်ရှင်တစ်ယောက်ကတော့ သူ့ဖုန်းဟာ နေ့တစ်ဝက်ပဲ ဘက်ထရီခံတယ်လို့ ဆိုပါတယ်။ နောက်ထပ် သုံးစွဲသူတစ်ယောက်ကတော့ သူ့ဖုန်းဘက်ထရီအား ရာခိုင်နှုန်းဟာ ၁၀ မိနစ်မပြည့်ခင် ၅% ကျသွားတယ်လို့ ပြောထားပါတယ်။ 

iOS 15.4 သစ်ကို iPhone 13 စီးရီးကနေ iPhone SE 1st Gen နဲ့ iPod Touch (7thGen) ထုတ်ကုန်တွေအထိ တင်ထားပါတယ်။ Apple ကတော့ update ကြောင့် သုံးစွဲသူတွေ ဘက်ထရီအားကုန်မြန်တဲ့ ပြဿနာနဲ့ ပတ်သက်လို့ အကြောင်းပြန်ခြင်း မရှိသေးပါဘူး။ 

          


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က