Honor X စီးရီးထဲက ဒီဇိုင်းဆန်းသစ်ပြီး Upper Mid-Range ဆန်တဲ့ 5G ဖုန်းသစ်တစ်လုံး ထွက်လာပါတယ်။
Honor X9 5G ဟာ နာမည်ကြီး Flagship ဖုန်းတစ်လုံးဖြစ်တဲ့ Honor Magic 4 နဲ့ ခပ်ဆင်ဆင်ဒီဇိုင်း သုံးထားပြီး ဈေးပိုသက်သာတဲ့ ဘက်ဂျက်ဗားရှင်းလို့ ဆိုနိုင်ပါတယ်။ Honor Magic 4 လိုပဲ Screen Size ၆.၈၁ လက်မဆိုဒ် သုံးထားပြီး Central Punch-Hole ကင်မရာပေါက်ပုံစံနဲ့လာပါတယ်။ IPS LCD Display ဟာ FHD+ ရုပ်ထွက် ပါရှိပြီး 120Hz Refresh Rate နဲ့ 240Hz touch Sampling rate တို့ ပံ့ပိုးထားပါတယ်။
ရှေ့ Punch-Hole ထဲမှာ 16MP Selfie ကင်မရာ သုံးထားပြီး ကျောဘက် စက်ဝိုင်းပုံကင်မရာအိမ်ထဲမှာ 48MP Main Sensor ၊ 2MP Macro နဲ့ 2MP Depth Sensor ဆိုပြီး ကင်မရာ ၃ လုံး ပါရှိပါတယ်။ Processor အနေနဲ့ 5G ကွန်ရက်ချိတ်ဆက်မှု လုပ်ဆောင်နိုင်တဲ့ 6nm Snapdragon 695 SoC နဲ့လာပြီး RAM 6GB/8GB နဲ့အတူ 6/128GB ၊ 8/128GB နဲ့ 8/256GB ဆိုပြီး Storage ဗားရှင်း ၃ မျိုး ထွက်ပါတယ်။
ဖုန်းဘေးဘောင်မှာ လက်ဗွေဖတ် Scanner တပ်ဆင်ထားပြီး 66W Fast Charging အထောက်အပံ့ပေးထားတဲ့ 4800mAh ဘက်ထရီ သုံးထားပါတယ်။ တခြား Features တွေအနေနဲ့ Dual SIM Support ၊ 5G ၊ Bluetooth 5.1 နဲ့ USB-C Port တို့ ပါရှိမှာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 11OS နဲ့လာတဲ့ Magic UI 4.2 စနစ် သုံးထားပြီး Midnight Black ၊ Titanium Silver နဲ့ Ocean Blue သုံးရောင်နဲ့ ထွက်ထားပါတယ်။
မလေးရှားဈေးကွက်မှာ အနိမ့်ဆုံးမော်ဒယ်ကို ရင်းဂစ် ၁၀၉၉ (မြန်မာငွေ ၄ သိန်း ၇ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။