OPPO Enco Buds လည်း ထွက်ထားပါတယ်

"အားသွင်းမြန်ဆန် အသုံးခံ" ဆောင်ပုဒ်နဲ့ လာတဲ့ OPPO A76 ဖုန်းကို ပြည်တွင်းဈေးကွက်မှာ ကျပ် ၄၇၉၉၀၀ ဈေးနဲ့ ဝယ်ယူနိုင်ပြီလို့ ဆိုပါတယ်။

Glowing Blue နဲ့ Glowing Black နှစ်ရောင်နဲ့ လာတဲ့ OPPO A76 ဟာ လူငယ်ဆန်ဆန် ဒီဇိုင်းနဲ့လာပြီး ဖုန်းမျက်နှာပြင်အရွယ်အစား ၆.၅၆ လက်မဆိုဒ် ၊ 90Hz Refresh Rate ပါ Punch-Hole Display ပုံစံသုံးထားပါတယ်။ FHD+ ခေတ်မှာ 720 x 1612p (HD+) ရုပ်ထွက်ကတော့ Low-End ဆန်ပါတယ်။ အလတ်တန်းစားဖုန်းတစ်လုံးအတွက် စွမ်းဆောင်ရည်မြင့်တဲ့ 6nm Snapdragon 680 SoC သုံးထားလို့ သွက်လက်မြန်ဆန်တဲ့ ဖုန်းအသုံးပြုမှုအတွေ့အကြုံကို ခံစားရမယ်လို့ ကြေညာထားပါတယ်။ 




RAM 6GB/128GB Storage အပြင် RAM Expansion နည်းပညာလည်း ထည့်သွင်းထားတာကြောင့် RAM ပမာဏကို virtual 5GB အထိ ထပ်တိုးနိုင်ပြီး Multi-Tasking လုပ်ဆောင်ချက်အတွက် ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်မှာပါ။ ဘယ်အပေါ်ထောင့် Punch-Hole ကင်မရာပေါက်ထဲမှာ 8MP Selfie သုံးထားပါတယ်။ ကျောဘက်ဒီဇိုင်းကိုတော့ IPX4 ရေစိုခံမှုနဲ့ IP5X ဖုန်မှုန့်ဒဏ်ခံနိုင်မှု ပါရှိပြီး ကာဗာကိုလည်း လက်ဗွေရာမထင်စေဘဲ ချွေးစို ၊ ရေစိုဒဏ်ခံနိုင်တဲ့ Texture နဲ့ ထုတ်ထားတယ်လို့ ဆိုပါတယ်။ 

ကျောဘက်ထောင်လိုက် စတုဂံကင်မရာအိမ်ထဲမှာ 13MP + 2MP ကင်မရာ နှစ်လုံး သုံးထားပြီး ၊ ဘက်ထရီပါဝါ 5000 mAh အား ၊ 33W Fast Charging စနစ်နဲ့ လာပါတယ်။ 33W SuperVooc အမြန်အားသွင်းစနစ်နဲ့ ဧရာမဘက်ထရီတို့ သုံးထားတာကြောင့် နာရီဝက်အားသွင်းတာနဲ့ ၅၅% ဘက်ထရီအားဝင်မယ်လို့လည်း ဆိုပါတယ်။ ပြည်တွင်းဈေးကွက်ထဲမှာ OPPO ဟာ OPPO A76 နဲ့အတူ ကျပ် ၅၀၀၀၀ တန် OPPO Enco Buds တွေလည်း မိတ်ဆက်ထားပါတယ်။ 


OPPO A76 ကို ကျပ် ၄၇၉၉၀၀ ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်ကနေ ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်နေ့အထိ တစ်နှစ်အတွင်း ဝယ်ယူသူတွေအတွက် MPT Top Up တစ်လကို ကျပ် ၃၀၀၀ ဖြည့်ပါက 1GB + 50 Min (On Net) တစ်လတစ်ကြိမ် ခံစားခွင့်ရရှိမှာ ဖြစ်ပြီး ၆ လအထိ ၆ ကြိမ်ခံစားခွင့်ပေးမယ့်အပြင် ဘေးလွယ်အိတ်တွေလည်း မေတ္တာလက်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က