တန်ဖိုးသင့် Tablet သစ် စောင့်မျှော်နေသူတွေအတွက် realme က စိတ်လှုပ်ရှားစရာထုတ်ကုန်သစ် မိတ်ဆက်လိုက်ပါတယ်။

realme Pad Mini ကို ဖိလစ်ပိုင်ဈေးကွက်ထဲမှာ ဖြန့်ချိလိုက်တာ ဖြစ်ပြီး Screen Size ကျစ်ကျစ်လျစ်လျစ်နဲ့ အမြန်အားသွင်းစနစ်နဲ့ ထွက်ထားတာပါ။ memory option နှစ်မျိုးနဲ့ လာပြီး LTE Support လည်း ပေးထားပါတယ်။ Display ဆိုဒ် အပြိုင်အဆိုင် အကြီးပြိုင်လာတဲ့ ခေတ်မှာ realme က compact ဆန်တဲ့ ၈.၇ လက်မဆိုဒ်ကို ရွေးချယ် ထုတ်လုပ်လိုက်တာပါ။ 




7.6mm ထု Ultra Slim ဒီဇိုင်း နဲ့လာပြီး ဘေးဘောင် Bezel ခပ်ပါးပါး သုံးထားပါတယ်။ အပေါ်အောက် ခပ်သင့်သင့်ထူထဲတဲ့ ဘောင်ဒီဇိုင်းက တက်ဘလက်ကို Landscape Mode သုံးချိန်မှာ ကိုင်တွယ်အသုံးပြုရ ပိုပြီး လွယ်ကူအဆင်ပြေစေမှာ ဖြစ်ပါတယ်။ Screen Resolution 1340 x 800p ကလည်း တန်ဖိုးသင့်တက်ဘလက်တစ်လုံးအတွက် အပြစ်ဆိုစရာ ရှိမှာ မဟုတ်ပါဘူး။

Processor ကိုတော့ Octa-Core Unisoc T616 SoC သုံးထားပြီး Mali-G57 MP1 ဂရပ်ဖစ်စနစ် ထည့်ပေးထားပါတယ်။ ကိုယ်ထည်ဘောင်တွေဟာ လေးထောင့်စပ်စပ် Square Edge စတိုင်နဲ့ လာပြီး ကျောဘက်မှာလည်း ဆွဲဆောင်မှုရှိတဲ့ ကင်မရာ Module ဒီဇိုင်း သုံးထားပါတယ်။ ရှေ့ဘက်မှာ 5MP Selfie နဲ့ ကျောဘက် 8MP ကင်မရာတို့ တပ်ဆင်ထားပါတယ်။ 

အောက်ခြေမှာ USB-C port နဲ့ ဘေးမှာ 3.5mm Audio Jack ပေါက် ပါရှိပါတယ်။ ဘက်ထရီပါဝါ 6400mAh ပါရှိပြီး 18W Fast Charging ပံ့ပိုးထားသလို တခြားထုတ်ကုန်တွေကိုလည်း Wired Charging နဲ့ တစ်ဆင့် အားပြန်သွင်းပေးနိုင်တဲ့စနစ် ထည့်ပေးထားပါတယ်။ realme pad mini ကို မီးခိုးရောင်နဲ့ အပြာရောင် နှစ်မျိုးထွက်ထားပြီး WiFi + LTE ဗားရှင်းနဲ့ လာပါတယ်။ 



3/32GB ဗားရှင်းကို ဖိလစ်ပိုင် ပီဆို ၉၉၉၀ (မြန်မာငွေ ၃ သိန်းခွဲခန့်) နဲ့ 4/64GB ကို ပီဆို ၁၁၉၉၀ (မြန်မာငွေ ၄ သိန်း ၂ သောင်းခန့်) ဈေးတွေနဲ့ ရောင်းချထားပြီး အစောဆုံးဝယ်သူတွေအတွက် လျှော့ဈေးလည်း ပေးသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က