လီဗာပူးကို သတိပေးစကားပြောကြားခဲ့တာပါ။

ဘင်ဖီကာ ကြယ်ပွင့် တာရက်ဘ်က ဒီကနေ့ညမှာ ကစားမယ့် လီဗာပူးနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲမှာ ပြိုင်ဘက်ကို ကြောက်ရွံ့နေမှာမဟုတ်ဘဲ ပုံစံကောင်းသာပြနိုင်ရင် လီဗာပူးရဲ့ အားသာချက်ကို ဖျက်ဆီးနိုင်တယ်လို့ ပြောပါတယ်။ ဘင်ဖီကာဟာ ပထမအကျော့အဖြစ် လီဗာပူးကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။



လက်ရှိကွာတားဖိုင်နယ်အဆင့်အသင်းတွေမှာ ဘင်ဖီကာက အင်အားအနည်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပြီး လီဗာပူးအတွက် လွယ်ကူတဲ့ ပွဲတပွဲဖြစ်လာမယ်လို့ သုံးသပ်ထားကြပါတယ်။ ဒါပေမယ့်လည်း ပုံစံကောင်းတွေပြသနေတဲ့ အေဂျက်စ်ကို ဖြုတ်ချခဲ့တဲ့ ဘင်ဖီကာကို လျှော့တွက်လို့တော့မရပါဘူး။

ဒီပွဲမတိုင်ခင်မှာလည်း တာရက်ဘ်က “ကျနော်တို့ဆီမှာလည်း အခွင့်အရေးရှိတာပေါ့။ အခု ရောက်နေတာ ကွာတားဖိုင်နယ်လေ။ လီဗာပူးကို ကျနော်တို့ လေးစားပါတယ်။ ဒါပေမယ့် ကြောက်နေမှာတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ အရည်အချင်းက ဘာလဲဆိုတာကို ကျနော်တို့ သိပါတယ်”

“တကယ်လို့ ကျနော်တို့သာ အကောင်းဆုံးပုံစံပြနိုင်ခဲ့ရင် လီဗာပူးရဲ့ အားသာချက်တွေကို ဖျက်ဆီးပစ်နိုင်တာပေါ့။ သူတို့မှာ တောင့်တင်းတဲ့လူစာရင်း၊ တိုက်စစ်အတွက် ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ တောင်ပံကနေ ဖြန့်ကစားနိုင်တယ်၊ ကွင်းလယ်ကနေလည်း ထိုးဖောက်နိုင်ပါတယ်။ နောက်ပြီး ကောင်းကောင်းလည်း ဖိအားပေးနိုင်တဲ့အသင်းပါ”

“သူတို့လည်း ကျနော်တို့ရဲ့ အားသာချက်ကိုကြည့်ပြီးသားဖြစ်မှာပါ။ ခံစစ် ကစားတဲ့အချိန်မှာ ကျနော်တို့က အေဂျက်စ်ကို ရင်ဆိုင်ခဲ့တုန်းကလိုမျိုး အရမ်းအရမ်းကို ကျစ်လျစ်တောင့်တင်းဖို့ လိုအပ်ပါတယ်။ ဒီအဆင့်က ခက်ခဲပါတယ်။ ဒါပေမယ့် ကျနော်တို့သာ အကောင်းဆုံးပုံစံပြနိုင်ရင် အခွင့်အရေးရမယ်ဆိုတာ သိထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

တာရက်ဘ်ဟာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိထားပြီး စပါး၊ ကျူပီအာ၊ ဖူလ်ဟမ်တို့နဲ့အတူ လီဗာပူးကို ရင်ဆိုင်ခဲ့ဖူးတဲ့ ကစားသမားတယောက်လည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က