ဒေါ်လာ ၂၅ သန်းကျော်တန်မယ့် Bitcoin ၅၄၃ ခု ပါတဲ့ Crypto Wallet တွေလည်း သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

ဂျာမန် ဖက်ဒရယ်ရဲတပ်ဖွဲ့ဟာ ကမ္ဘာ့အကြီးဆုံး နဲ့ သက်တမ်းအရှည်ဆုံး Dark Web ဈေးကွက်တစ်ခုဖြစ်တဲ့ Hydra Market ကို ပိတ်ချနိုင်ခဲ့ပြီး ဒေါ်လာ ၂၅ သန်းကျော်တန်တဲ့ Bitcoin တွေ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 

အမေရိကန် ဥပဒေအဖွဲ့နဲ့ ပေါင်းပြီး Hydra Market ကို ဝင်သိမ်းတာ ဖြစ်ပါတယ်။ Hydra Market ဟာ ကမ္ဘာ့အကြီးဆုံး နဲ့ သက်တမ်းအရှည်ဆုံး Dark Web Marketplace တစ်ခုလည်း ဖြစ်ပြီး တရားမဝင် Cryptocurrency ငွေကြေးအလွှဲအပြောင်းနဲ့ ဆက်စပ်တဲ့ Dark Web အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းခန့် လည်ပတ်နေတဲ့ ပလက်ဖောင်းတစ်ခု လို့လည်း ဆိုပါတယ်။ 




၂၀၁၅ ခုနှစ်က စလို့ Crypto ငွေကြေး ဒေါ်လာ ၅.၂ ဘီလျံခန့်ဟာ ဒီဈေးကွက်မှာ စီးဆင်းလည်ပတ်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။ Hydra Market မှာ သုံးစွဲတဲ့ User Account ၁၇ သန်းခန့် နဲ့ ရောင်းချသူ ၁၉၀၀၀ ခန့် ရှိထားပါတယ်။ ဂျာမန်ရဲတွေဟာ Hydra Market ကို ဝင်စီးပြီး ဆာဗာတွေနဲ့ ဒေါ်လာ ၂၅ သန်းကျော်တန်မယ့် Bitcoin ၅၄၃ ခု ပါတဲ့ Crypto Wallet တွေလည်း သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 

တချိန်တည်းမှာပဲ အမေရိကန်တရားရေးဌာနကလည်း Hydra ဆာဗာတွေပေါ်ကနေ ငွေကြေးခဝါချပြီး မူးယစ်ဆေးဝါး ဖြန့်ဖြူးတဲ့ ရုရှားနိုင်ငံသား ဒီမီထရီ ပါဗလော့ကိုပါ တရားစွဲဆွဲထားပါတယ်။ Hydra ပလက်ဖောင်းပေါ်မှာ ရုရှား ၊ ဘီလာရုစ် ၊ ယူကရိန်း ၊ အဇာဘိုင်ဂျန် ၊ အာမေးနီးယား ၊ ကာဇက်စတန် ၊ တာဂျစ်ကစ္စတန် စတဲ့ ရုရှားစကားပြောနိုင်ငံက လူတွေဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးတာ ၊ Hacking Service လုပ်တာ ၊ အချက်အလက်ခိုးပြီး ဝယ်ရောင်းလုပ်တာတွေ လုပ်လေ့ရှိပါတယ်။ 

နောက်ကြောင်း ခြေရာခံဖို့ မလွယ်အောင် Crypto လိုမျိုး ဒီဂျစ်တယ်ငွေကြေးတွေ အသုံးပြုပြီး အရောင်းအဝယ်လုပ်တာလို့ ဆိုပါတယ်။ ၂၀၂၀ မှာ ဒီပလက်ဖောင်းဟာ ဝင်ငွေ ဒေါ်လာ ၁.၃ ဘီလျံကျော် ဝင်ငွေရခဲ့တယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က