COVID-19 ကပ်ဘေးကြောင့် ရပ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်

နှစ်တိုင်းကျင်းပနေကျ F8 Developer Conference ကို Meta အနေနဲ့ ဒီနှစ်ထဲ ကျင်းပဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

Meta အဖြစ် နာမည်ပြောင်းပြီးနောက် F8 Developer Conference ပွဲနဲ့ ပထမဆုံးအကြိမ် လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်အဖြစ် F8 Developer ပွဲ မကျင်းပဖြစ်ခဲ့တာ ၂၀၁၃ ခုနှစ်က ဖြစ်ပြီး ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တို့မှာလည်း မကျင်းပဖြစ်ခဲ့တာတွေ ရှိပါတယ်။ အခုတစ်ခေါက် F8 ပွဲ မကျင်းပဖြစ်တာ ကိုဗစ်ကပ်ဘေးကြောင့် မဟုတ်ဘဲ metaverse စီမံကိန်းအတွက် အစီအစဉ်ရေးဆွဲနေတာကြောင့်လို့ ဆိုပါတယ်။ 





"Metaverse တည်ထောင်နေတဲ့ အင်တာနက်ရဲ့ နောက်ထပ်ကဏ္ဍတစ်ရပ်ဆီ ၊ ကျွန်တော်တို့ကုမ္ပဏီရဲ့ နောက်တစ်ခန်းရပ်ဆီ သွားနေတဲ့ လုပ်ငန်းစဉ်သစ်တွေအတွက် အရှိန်မြှင့်နေချိန်မှာ Meta အနေနဲ့ ဒီနှစ် F8 ပွဲကို ရပ်ထားရပါတယ်" လို့ Facebook Developer နဲ့ Startups ပရိုဂရမ် ဒါရိုက်တာ ဒီရေဂို ဒူတာတေး မော်ရီယာက ပြောပါတယ်။ 

Meta အနေနဲ့ ဒီနှစ် ကုန်ပိုင်းလောက်မှာ ကုမ္ပဏီရဲ့ Connect ပွဲကို ကျင်းပပြီး AR , VR နဲ့ metaverse ပလက်ဖောင်းဆိုင်ရာ နည်းပညာသစ်တွေအကြောင်း မျှဝေသွားဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက Connect 2021 ပွဲမှာ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ဟာ ကုမ္ပဏီနာမည်ကို Facebook ကနေ Meta အဖြစ် ပြောင်းခဲ့ပြီး ကုမ္ပဏီရဲ့ ရည်မှန်းချက်ကို metaverse အဖြစ် ပြောင်းမယ့်အကြောင်း ကြေညာခဲ့တာပါ။

ပြီးခဲ့တဲ့ တစ်နှစ်လုံးမှာ Meta ဟာ AR,VR ထုတ်ကုန်တွေ ဦးတည်ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ Reality Labs ကဏ္ဍကနေ ဒေါ်လာ ၁၀.၂ ဘီလျံ အရှုံးပေါ်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၂.၂၇ ဘီလျံပဲ ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ မတ်ခ်ဇူကာဘတ်ကတော့ ၂၀၂၁ ခုနှစ်ထဲမှာ Meta ဟာ metaverse ပရောဂျက်တွေမှာ ဒေါ်လာ ၁၀ ဘီလျံဝန်းကျင် ရင်းနှီးမြှပ်နှံခဲ့တယ်လို့ ပြောခဲ့ပါတယ်. 

Share

Loading Next Article...
က္က