အချက်အလက် အသေးစိတ်တော့ မ Share ရသေးပါဘူး

ဖုန်း Processor တွေ ကိုယ်တိုင်ထုတ်တဲ့ Samsung ဟာ Galaxy ထုတ်ကုန်တွေအတွက် နောက်ထပ် သီးသန့် Processor တစ်မျိုးပါ ထုတ်လုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ 


တောင်ကိုရီးယားစမတ်ဖုန်းကုမ္ပဏီ Samsung ဟာ ကိုယ်တိုင်ထုတ်ထားတဲ့ Exynos Chipset သုံး Galaxy ဖုန်းတွေကို ကမ္ဘာတလွှား ရောင်းချနေတဲ့ ကုမ္ပဏီ ဖြစ်ပြီး ဈေးကွက်ပေါ် လိုက်လို့ Qualcomm Chipset သုံး ဖုန်းတွေ ဖြန့်ချိတာမျိုးလည်း လုပ်ပါတယ်။ Samsung အနေနဲ့ Chip တွေ ကိုယ်တိုင်ထုတ်လုပ်နေတယ်လို့ ဆိုပေမယ့် ကိုယ့်ဖုန်းအတွက် သီးသန့် Processor lineup တစ်ခု ထောင်ထားတာမျိုး မရှိပါဘူး။ 





Samsung Electronics ဥက္ကဌ TM Roh က Galaxy ထုတ်ကုန်တွေရဲ့ လိုအပ်ချက်နဲ့အညီ သေချာထုတ်လုပ်ထားတဲ့ Application Processor (AP) တစ်ခု ထုတ်လုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ TM Roh ကတော့ ဒီထုတ်ကုန်အကြောင်း အသေးစိတ်အချက်အလက် မျှဝေခြင်း မရှိသလို ထုတ်ကုန်ဖွံ့ဖြိုးမှု ဘယ်အဆင့်ရောက်နေပြီလဲ ဆိုတာကိုပါ ပြောကြားခြင်း မရှိပါဘူး။ 

Samsung ကနေ chip ထုတ်လုပ်ရေးဌာန Samsung LSI ဌာန နဲ့ မိုဘိုင်းဖုန်းထုတ်လုပ်တဲ့ Mobile eXperience (MX) ဌာနတို့ဟာ နီးနီးကပ်ကပ် ပူးပေါင်းမှု မရှိတာကြောင့် Galaxy ဖုန်းတွေအတွက် အထူး Processor ထုတ်မယ့် စီမံကိန်းဟာ ထူးခြားတဲ့ အပြောင်းအလဲတစ်ခုဖြစ်လာနိုင်ပါတယ်။ MX ဌာနဟာ Vivo အပါအဝင် တခြား Brands တွေက ဖုန်းတွေအတွက် chip တွေ ထုတ်ပေးတာပါ။ 

လက်ရှိ စမတ်ဖုန်းလောကမှာ Apple ထုတ် iPhone နဲ့ Google ထုတ် Pixel 6 စီးရီးတို့မှာ ကိုယ်ပိုင် Custom SoC သုံးနေကြပါတယ်။ တရုတ်ဖုန်းကုမ္ပဏီ OPPO ကလည်း လာမယ့် နှစ်နှစ်အတွင်းမှာ ကုမ္ပဏီရဲ့ ကိုယ်ပိုင် Custom SoC ထုတ်နိုင်အောင် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က