120Hz Display နဲ့ 5000mAh ဘက်ထရီသုံး samsung ဖုန်း

Samsung ရဲ့ ဘတ်ဂျက်ဖုန်းစီးရီးတစ်ခုဖြစ်တဲ့ Galaxy M Series ကနေ 108MP ကင်မရာနဲ့ အကြီးစားဘက်ထရီပါဝါသုံး ဖုန်းသစ်တစ်လုံး ထွက်ရှိလာပါတယ်။ 

Galaxy M53 5G ဖုန်းသစ်ဟာ 108MP Main Sensor ၊ 5000mAh ဘက်ထရီ ၊ Android 12 အခြေခံ One UI 4.1 နဲ့လာပြီး MediaTek Dimensity 900 SoC ပါဝင်လာတဲ့ ပထမဆုံး Samsung ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ 25W Fast Charging ပံ့ပိုးထားပေမယ့် ဖုန်းဗူးထဲမှာ Charging Adapter ပါလာခြင်းတော့ မရှိပါဘူး။ နောက်ပိုင်းထွက် Samsung ဖုန်းတွေမှာ Adapter ပါမလာရင် သိပ်တော့ အံ့ဩစရာ ရှိတော့မှာ မဟုတ်ပါဘူး။ 





Galaxy M53 5G ဟာ တလောက ထွက်ရှိခဲ့တဲ့ Galaxy A73 နဲ့ အတော်များများ ဆင်ပြီး ဖုန်း ဒီဇိုင်းနဲ့ Chipset ပိုင်းမှာ သိသိသာသာ ကွဲပြားပါတယ်။ Galaxy A73 5G မှာ Snapdragon 778G Processor သုံးသွားတာ ဖြစ်ပါတယ်။ Galaxy M53 5G မှာလည်း ၆.၇ လက်မဆိုဒ် Super AMOLED Infinity-O Display နဲ့လာပြီး FHD+ Resolution နဲ့ 120Hz Refresh Rate တို့ ပံ့ပိုးထားပါတယ်။ 

Infinity-O Punch Hole ကင်မရာထဲမှာ 32MP Selfie ကင်မရာ ပါရှိပြီး ကျောဘက်မှာ ကင်မရာ Sensor ၄ လုံး သုံးထားပါတယ်။ ကျောဘက်စတုရန်းပုံ ကင်မရာအိမ်ထဲမှာ 108MP Main Sensor ၊ 8MP Ultrawide ၊ 2MP Depth Sensor နဲ့ 2MP Macro Lens တို့ တပ်ဆင်ထားပါတယ်။ RAM Storage အနေနဲ့ 6/128GB တစ်မျိုးပဲ ထွက်ထားပြီး microSD Card slot ကနေ 1TB အထိ ထပ်တိုးနိုင်မှာပါ။ 

ဖုန်းလုံခြုံရေးအတွက် ဘေးဘောင်လက်ဗွေစနစ် သုံးထားပြီး ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်တော့ ကုမ္ပဏီက ကြေညာခြင်း မရှိသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က