တရုတ်စမတ်ဖုန်းကုမ္ပဏီ realme ဟာ အိန္ဒိယဈေးကွက်ထဲ စိတ်ဝင်စားစရာထုတ်ကုန်သစ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
အိန္ဒိယဈေးကွက်အတွက် realme က GT2 Pro နဲ့ realme 9 4G တို့ကို ဖြန့်ချိလိုက်တာ ဖြစ်ပြီး realme 4G ဟာ Samsung ISOCELL HM6 108MP ကင်မရာစနစ်ကို ပထမဆုံးသုံးလာတဲ့ ဖုန်းအဖြစ် ထွက်ရှိလာတာပါ။ realme 9 4G ဟာ သူ့အရင် ထွက်ထားတဲ့ realme 9 5G ထက်တောင် ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ဖုန်းလို့ ဆိုနိုင်ပါတယ်။ realme 9 4G ဟာ ၆.၄ လက်မ Super AMOLED Display သုံးထားပြီး 90Hz Screen ၊ 1000nit brightness nits ၊ 360Hz Touch Sampling Rate နဲ့ လာပြီး Corning Gorilla Glass 5 မှန် အုပ်ထားတာပါ။
ကိုယ်ထည်ဘောင်တွေဟာ realme 9 5G ပုံစံအတိုင်း Square Edge ဘောင်နဲ့ လာပြီး မှန်ပြင်အောက်လက်ဗွေနည်းပညာစနစ် တပ်ဆင်ထားပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာက ဒီ in-display လက်ဗွေဖတ်စနစ်ဟာ လူရဲ့ နှလုံးခုန်နှုန်းပါ တိုင်းတာနိုင်စွမ်းရှိပါတယ်။ ကျောဘက်မှာ စတုရန်းပုံကင်မရာအိမ်နဲ့အတူ ၃ လုံးတွဲကင်မရာစနစ် သုံးထားပါတယ်။
အရင် 5G မော်ဒယ်မှာ MediaTek Dimensity 810 5G သုံးထားပြီး realme 9 4G မှာတော့ 6nm Snapdragon 680 chipset နဲ့လာပါတယ်။ RAM အနေနဲ့ အရင် 5G မော်ဒယ်မှာ 4GB/6GB သုံးရာကနေ 8GB အထိ သုံးလာသလို Realme UI ကြောင့် virtual RAM အနေနဲ့လည်း 5GB အထိ ထပ်တိုးနိုင်မှာပါ။ ကျောဘက်မှာ ထူးခြားတာက Samsung ထုတ် ISOCELL HM6 108MP Sensor ကို ပထမဆုံး သုံးလာတာ ဖြစ်လို့ အရင် 108MP Sensor ထက် အလင်းဖမ်းယူမှုမှာ ၁၂၃% အထိ ပိုကောင်းမယ်လို့ ဆိုပါတယ်။
တခြား ကင်မရာ sensor အနေနဲ့ 8MP Ultrawide Sensor ၊ 2MP Macro Lens တို့ သုံးထားပါတယ်။ Telephoto ကင်မရာ မပါပေမယ့် High-Res Main Sensor ကြောင့် 3x Lossless Digital Zoom အထိ တင်နိုင်မှာပါ။ ဘက်ထရီပါဝါ 5000mAh ၊ 3.5mm headphone jack သုံးထားပြီး Sunburst Gold ၊ Stargaze White နဲ့ Meteor Black ကာလာ ၃ ရောင်နဲ့ ထွက်ထားပြီး RAM 6/128GB Storage ကို ရူပီး ၁၆၀၀၀ (မြန်မာငွေ ၄ သိန်းခန့်) နဲ့ RAM 8/128GB Storage ကို ရူပီး ၁၇၀၀၀ (မြန်မာငွေ ၄ သိန်း ၂ သောင်းကျော်) ဈေး နဲ့ အိန္ဒိယဈေးကွက်မှာ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။