Motorola ရဲ့ ဘတ်ဂျက်ဖုန်းတစ်လုံး အိန္ဒိယဈေးကွက်ထဲ ဝင်ရောက်လာပါတယ်။
မတ်လဆန်းပိုင်းက ဈေးကွက်တချို့ထဲ ဝင်လာခဲ့တဲ့ Motorola Moto G22 ဟာ ဆန်းသစ်တဲ့ ဒီဇိုင်း ၊ High Refresh Rate ၊ Quad-Camera နဲ့ ဘက်ထရီပါဝါ အကြီးစားနဲ့ လာတာပါ။ Cosmic Black နဲ့ Iceberg Blue ကာလာနှစ်ရောင်နဲ့ ထွက်ထားတဲ့ Moto G22 ဟာ အိန္ဒိယဈေးကွက်မှာ 4/64GB ဗားရှင်းတစ်မျိုးပဲ ထွက်ထားပါတယ်။ ဒီဇိုင်းပိုင်းမှာ ပေါ့ပါးတဲ့ ပုံစံသစ်နဲ့ လာပြီး ကျောဘက်မှာ အနားလုံး စတုဂံကင်မရာအိမ်နဲ့လာပြီး ကင်မရာပုံစံတွေက စက်ဝိုင်းပုံစံ သုံးထားပါတယ်။ ကင်မရာ Module ထဲက ကင်မရာနဲ့ LED Flashlight တို့ကတော့ ပုံစံကွဲပြားပါတယ်။
Moto G22 ဟာ မျက်နှာပြင် ၆.၅ လက်မ HD+ Resolution နဲ့ လာပြီး 90Hz Refresh Rate သုံးထားပါတယ်။ ရှေ့ဘက်မှာ Centered Punch-Hole ကင်မရာပေါက် ဒီဇိုင်းနဲ့ လာပြီး ကိုယ်ထည်အချိုးကို 20:9 Aspect Ratio ထုတ်ထားပါတယ်။ Processor အနေနဲ့ MediaTek Helio G37 SoC ၊ RAM 4GB/64GB Storage သုံးထားပြီး Material You နဲ့ My UX features တွေ ပါတဲ့ near-Stock Android 12 စနစ် လာတာကလည်း ချီးကျူးစရာပါ။
ကျောဘက် Quad-Camera အနေနဲ့ 50MP Main Sensor ၊ 8MP Ultrawide ၊ 2MP Macro နဲ့ 2MP Depth Sensor တို့ သုံးထားပြီး ရှေ့ဘက်မှာ 16MP Selfie ကင်မရာတို့ ထည့်ပေးထားပါတယ်။ Dual SIM , 4G , Dual-Band WiFi ၊ Bluetooth 5.0 ၊ 3.5mm Headphone Jack ၊ USB Type C Port နဲ့ microSD Card Slot တို့နဲ့ ထွက်လာပါတယ်။ ဖုန်းဘေးဘောင် ပါဝါခလုတ်ထဲမှာ Side-Mounted လက်ဗွေဖတ်စနစ် သုံးထားပြီး 20W Fast Charging သုံး 5000mAh ဘက်ထရီ ပါရှိပါတယ်။
ရူပီး ၁၁၀၀၀ (မြန်မာငွေ ၂ သိန်း ၇ သောင်းကျော်) ဈေးဖြစ်လို့ အတော်ကြီး တန်တဲ့ ဘတ်ဂျက်ဖုန်းလို့ ဆိုရမှာပါ။