မနေ့က ဂီတာဖေးနဲ့ပွဲမှာ ဂါရတ်ဘေးလ် လူစားဝင်ကစားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဂါရတ်ဘေးလ်နဲ့ အသင်းပရိသတ်တွေအကြား ဇာတ်လမ်းကတော့ မရိုးနိုင်အောင်ကို ဖြစ်နေရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ မနေ့ညက စပိန်လာလီဂါအိမ်ကွင်းပွဲအဖြစ် ဂီတာဖေးနဲ့ ကစားခဲ့ရာမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။



ကက်စ်မဲရိုး၊ ဗက်ဇ်ကေးတို့ရဲ့ဂိုးတွေနဲ့ နှစ်ဂိုးပြတ်ဦးဆောင်ထားတဲ့ ရီးရဲလ်မက်ဒရစ်အတွက် ပွဲကစားချိန် (၇၄) မိနစ်မှာ ဂါရတ်ဘေးလ်က လူစားဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ ဒီလိုမျိုး ဝင်ကစားတာက ဂါရတ်ဘေးလ်အတွက် နှစ်နှစ်ကျော်ကာလအတွင်း ဘာနေဗျူးကွင်းကြီးထဲ ပထမဆုံး ပြန်လည်ကစားခွင့်ရရှိခဲ့တာပါ။

ဂါရတ်ဘေးလ်ဟာ (၂၀၂၀) ဖေဖော်ဝါရီမှာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်အဖြစ် မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့တုန်းက ဘာနေဗျူးကွင်းကြီးထဲမှာ နောက်ဆုံးပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ ဂါရတ်ဘေးလ်အနေနဲ့ ကြားရက်မှာ ကစားခဲ့တဲ့ ချဲလ်ဆီးကို ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဝေးကွင်းပွဲမှာလည်း ဘန်ဇီမာနေရာကို လူစားဝင်ကစားခဲ့ပါသေးတယ်။

အခု ဘာနေဗျူးကွင်းကြီးထဲ တကျော့ပြန်ခြေချချိန်မှာတော့ ဂါရတ်ဘေးလ်အပေါ် ရီးရဲလ်မက်ဒရစ် ပရိသတ်တွေရဲ့ လှောင်ပြောင်သံတွေကို တကွင်းလုံးအနှံ့ကနေ ကြားခဲ့ရပါတယ်။ ဒါပေမယ့် ဒီအပေါ်မှာတော့ ဂါရတ်ဘေးလ်တယောက် အံ့အားသင့် စိတ်ပျက်နေတာမျိုးမရှိပါဘူး။ ဂါရတ်ဘေးလ်က ရယ်ရယ်မောမောပဲရှိနေခဲ့ပြီး ရီးရဲလ်မက်ဒရစ်ပရိသတ်တွေကတော့ ခံရခက်ခဲ့မှာ သေချာပါတယ်။

ဒီဖြစ်ရပ်အပေါ် နည်းပြ အန်ဆယ်လော့တီကလည်း “ကျနော်တို့ရဲ့ ပရိသတ်တွေက အရေးပါတဲ့နေရာမှာရှိပါတယ်။ ဂါရတ်ဘေးလ်အပေါ် လှောင်ပြောင်သံတွေကို ကျနော် နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် သူက အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး ပရော်ဖက်ရှင်နယ်ပီသသူတယောက်ပါ” လို့ ချီးကျူးစကားပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က