ဇနီးကိုယ်ဝန်ရှိတုန်း ဖောက်ပြန်လို့ မာရှယ်လ်တယောက် ကွာရှင်းခံလိုက်ရတာပါ။

ယူနိုက်တက်ကနေ ဆီဗီလာကို အငှားနဲ့ သွားရောက်ကစားနေတဲ့ တိုက်စစ်မှူး မာရှယ်လ်ဟာ ဇနီးသည် ကိုယ်ဝန်ဆောင်နေချိန်ကာလအတွင်း အိမ်ထောင်ရေးဖောက်ပြန်ခဲ့တာကြောင့် ကွာရှင်းခံခဲ့ရတယ်လို့ သိရှိရပါတယ်။ ဒီအကြောင်းကိုတော့ မာရှယ်လ်နဲ့ ကွာရှင်းခဲ့တဲ့ ဇနီးဟောင်း မယ်လာနေ ကိုယ်တိုင်က အွန်လိုင်းကတဆင့် အတည်ပြုခဲ့တာပါ။



မယ်လာနေ ကိုယ်ဝန်ဆောင်နေချိန် (၂၀၁၉) မှာ မာရှယ်လ်က ပြင်သစ်မော်ဒယ်လ်တယောက်ဖြစ်တဲ့ ဆီမီချီနဲ့ ဖောက်ပြန်ခဲ့တာဖြစ်ပါတယ်။ မယ်လာနေကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ မာရှယ်လ်ကို နည်းနည်းလေးမှ ခွင့်မလွှတ်ခဲ့ပါဘူး။ မယ်လာနေက “အချစ်တခုတည်းနဲ့ မလုံလောက်ပါဘူး။ တခါတလေကျ အနိုင်ရဖို့အတွက် ပြေးနေတာကို ရပ်လိုက်ဖို့ လိုအပ်ပါတယ်” လို့ သွယ်ဝိုက်ပြောကြားခဲ့ပါတယ်။

သတင်းရင်းမြစ်တယောက်ကလည်း “ကွင်းထဲမှာ မာရှယ်လ်တယောက် ခြေစွမ်းမပြနိုင်တာက ကွင်းပြင်ပ သူ့ရဲ့နေထိုင်မှုဘဝက ကြမ်းတမ်းလွန်းနေတာကြောင့်လည်း ပါဝင်ပါလိမ့်မယ်။ မယ်လာနေရဲ့ ထုတ်ပြန်ချက်က ပရိသတ်တွေအတွက် တုန်လှုပ်စရာဖြစ်ခဲ့ပါတယ်။ မာရှယ်လ်နဲ့ သူနဲ့ နှစ်ယောက်လုံး ရုန်းကန်ခဲ့ရပါတယ်”

“ရှေ့ဆက်ပြီးတော့လည်း သူတို့နှစ်ယောက်ရဲ့ ရင်သွေးလေး ကောင်းကောင်းကြီးပြင်းလာဖို့ကို သေချာဂရုစိုက်ပေးကြဦးမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ မာရှယ်လ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ဆီဗီလာကို (၆) လအငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် အသင်းသစ်မှာလည်း မာရှယ်လ်တယောက် ပုံမှန်ခြေစွမ်းမပြနိုင်တာကြောင့် ဆီဗီလာပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ မာရှယ်လ်တယောက် ဆီဗီလာကို အပြီးသတ်ပြောင်းရွှေ့ဖို့ဆိုတာ မဖြစ်နိုင်တော့သလို ယူနိုက်တက်မှာလည်း သူ့ရဲ့အနာဂတ် ဆက်ရှိဖို့က မရေမရာဖြစ်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။ 

Share

က္က