ချန်ပီယံလိဂ်ကထွက်ရတဲ့အပေါ်မှာ ရန်းနစ်ဂ်က ပြန်လည်ပြောပြခဲ့တာပါ။

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့အပေါ် နာကျင်မိပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးက ကိုယ့်အပေါ်မှာသာ မူတည်ကြောင်း ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီကနေ့ညမှာ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲအဖြစ် နော့ဝစ်ချ်နဲ့ ရင်ဆိုင်ကစားရမှာပါ။



ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် (၇) နေရာကို ရောက်ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာဆင်နယ်၊ စပါးတို့ရဲ့ ခြေချော်တာကို စောင့်မျှော်နေရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ကိုယ်တိုင်ကိုက အကြိမ်ကြိမ်ခြေချော်နေခဲ့ပြီး ပြီးခဲ့တဲ့အပတ်ကလည်း တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ အဲဗာတန်ကို ရှုံးနိမ့်ခဲ့ပါတယ်။

ဒီလိုမျိုး အသင်းရဲ့ အနေအထားနဲ့ ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့အပေါ်မှာ ရန်းနစ်ဂ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ရန်းနစ်ဂ်က “ကျနော့်အတွက် အက်သလက်တီကိုမက်ဒရစ်က ချန်ပီယံလိဂ်မှာ မန်စီးတီးနဲ့ ကစားနေတာကို မြင်ရတာ နာကျင်စရာပါပဲ။ လူတိုင်းက ဒီအခိုက်အတန့်ကို နားလည်ကြမှာဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း ကစားချင်ကြမှာပါ”

“အထူးသဖြင့် ယူနိုက်တက်လို အသင်းမျိုးမှာပေါ့။ နောက်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဆိုတာကလည်း ကျနော်တို့အပေါ်မှာ မူတည်နေဆဲပါ။ သင်္ချာနည်းအရ ဒါက ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့က ကိုယ်ကစားရမယ့်ပွဲနိုင်ရုံနဲ့လည်း မပြီးတော့ပါဘူး။ ပွဲတွေကို အနိုင်ရအောင်တော့ ပြန်ကြိုးစားရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဒီကနေ့ည နော့ဝစ်ချ်နဲ့ပွဲမှာလည်း ပုံမှန်ခြေစွမ်းမပြသနိုင်တဲ့ ကစားသမားတွေဆီက ဘယ်လိုမျိုးဆင်ခြေနဲ့ အကြောင်းပြချက်တွေကိုမှ မလိုချင်ဘဲ သေချာပေါက် အကောင်းဆုံးပုံစံနဲ့ အနိုင်ရဖို့အတွက်ပဲ မျှော်လင့်ထားတဲ့အကြောင်း ရန်းနစ်ဂ်က ထပ်လောင်းပြောကြားသွားခဲ့ပါသေးတယ်။ 

Share

က္က