ဆွဲဆောင်မှုရှိတဲ့ တန်ဖိုးသင့် 5G ဖုန်း

OPPO A57 5G နဲ့ ဆင်ပြီး Display ပိုသာလွန်သလို ဈေးပို သက်သာတဲ့ တန်ဖိုးသင့် Realme ဖုန်းတစ်လုံး ထွက်ရှိလာပါတယ်။ 

၂၀၂၂ ခုနှစ်ရဲ့ တရုတ်စမတ်ဖုန်း Design Language ရေစီးအတိုင်း ဘေးဘောင်လေးထောင့်စပ်စပ် Flat ဘော်ဒီနဲ့ လာပြီး နောက်ဘက်မှာ ထောင်လိုက်စတုဂံကင်မရာကွက်ထဲအတွင်းက စက်ဝိုင်းပုံကင်မရာနှစ်လုံးတပ် ဒီဇိုင်း သုံးလာပါတယ်။ ရှေ့ဘက်မှာ Waterdrop Notch ကင်မရာအိမ် သုံးထားပြီး အကြီးစား ဘက်ထရီကြောင့် ဘော်ဒီထုထွက်ပါမယ်။ 





မျက်နှာပြင်ဆိုဒ် ၆.၅၈ လက်မ AMOLED Display ဟာ FHD+ ရုပ်ထွက် ပါရှိပါတယ်။ 90Hz Refresh Rate ၊ 180Hz Touch Sampling Rate နဲ့ 600nits တောက်ပမှုတို့ ပါရှိပြီး waterdrop notch ထဲမှာ 8MP Selfie ကင်မရာ တပ်ဆင်ထားပါတယ်။ ကျောဘက်မှာ LED Flash တစ်ခုနဲ့အတူ 13MP Main Sensor နဲ့ 2MP Depth Sensor တို့ သုံးထားပြီး ကိုယ်ထည်ဘေးဘောင်မှာ လက်ဗွေဖတ်စနစ် ထည့်ထားပါတယ်။ 

Realme Q5i ဟာ Dimensity 810 5G Chip သုံးထားပြီး LPDDR4x RAM 4GB/6GB ပါရှိပါတယ်။ RAM မော်ဒယ်နှစ်မျိုးစလုံးဟာ 128GB UFS 2.2 Storage နဲ့ လာပြီး microSD Card Slot လည်း စိုက်နိုင်မှာပါ။ Virtual RAM 5GB ထပ်တိုးနိုင်ပြီး Android 12 အခြေခံ Realme UI 3.0 စနစ် သုံးထားပါတယ်။ ဘက်ထရီပါဝါ 5000 mAh နဲ့ အတူ 33W Fast Charging ပံ့ပိုးမှု ပါရှိပါတယ်။ 

Obsidian Blue နဲ့ Graphite Black ကာလာနှစ်ရောင်နဲ့ လာပြီး RAM 4GB မော်ဒယ်ကို ၁၁၉၉ ယွမ် (မြန်မာငွေ ၃ သိန်းခွဲခန့်) နဲ့ RAM 6GB မော်ဒယ်အတွက် ၁၂၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က