ဆိုဒီယမ်စားသုံးမှု လျှော့ချသွားမှာပါ

ဂျပန်သိပ္ပံပညာရှင်တစ်ဦးဟာ ရှာရှာဖွေဖွေ ဆားရဲ့ အငန်အရသာကို ပိုကဲစေမယ့် လျှပ်စစ်ထမင်းစားတူတစ်စုံကို ဖန်တီးလိုက်တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လျှာနဲ့ အရသာခံနိုင်တဲ့ TV မျက်နှာပြင်ဖန်တီးခဲ့သူ Meiji University က ဟိုမဲအိ မီယာရှိတဆိုတဲ့ သိပ္ပံပညာရှင် တီထွင်လိုက်တာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ မီယာရှိတဟာ Kirin အစားအသောက်ကုမ္ပဏီနဲ့ ပေါင်းပြီး လျှာနဲ့ လျက်ပြီး အရသာခံနိုင်တဲ့ Lickable TV ထက် ပိုပြီး လက်တွေ့ကျတဲ့ Gadget တစ်ခုကို ဖန်တီးလိုက်တာပါ။ 




မီယာရှိတရဲ့ ဖန်တီးမှုသစ်ဟာ ဆားပေါ့တဲ့ အစားအသောက်တွေကို အရသာပိုလေး, စေမယ့် လျှပ်စစ်တူတစ်စုံ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ Gadget ဟာ ဆား (ဆိုဒီယမ်) ပေါ့တဲ့ အစားအသောက်တွေကို ဆားခပ်စရာ မလိုဘဲ အငန်အရသာကို ၁.၅ ဆအထိ ပိုထွက်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ လူတွေရဲ့ ဆိုဒီယမ်စားသုံးမှုကို လျှော့ချရာမှာ ကူညီဖို့ ဒီထုတ်ကုန်ကို တီထွင်လိုက်တာလို့လည်း ဆိုပါတယ်။ 

Kirin ရဲ့ အစီရင်ခံစာအရ ဂျပန်က အရွယ်ရောက်သူတွေဟာ နေ့စဉ် ဆား ၉.၃ ဂရမ်ကနေ ၁၀.၉ ဂရမ်အထိ စားသုံးလေ့ရှိပြီး ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားတာထက် ပိုမြင့်နေတယ်လို့လည်း ဖော်ပြထားပါတယ်။ ဆားစားသုံးမှု များတာကြောင့် သွေးတိုး နဲ့ ကျောက်ကပ်ရောဂါတွေလိုမျိုး ရောဂါဆိုးကြီးတွေ ဖြစ်စေနိုင်တာကြောင့် ဆိုဒီယမ်နည်းတဲ့ အစားအသောက်တွေကို ဆားမသုံးဘဲ ငန်အောင် ဒီလျှပ်စစ်တူက ကူညီပေးသွားမှာ ဖြစ်ပါတယ်။ 



မီယာရှိတရဲ့ လျှပ်စစ်တူဟာ လျှပ်စစ်စီးကူးနိုင်မယ့် လက်ပတ်လို ထုတ်ကုန်နဲ့ ချိတ်ဆက်ထားပြီး အစားအသောက်ကို စားရာမှာ ခံတွင်းထဲ အားနည်းတဲ့ ဆိုဒီယမ်အိုင်ယွန်ပေးလွှင့်သွားမှာပါ။ တစ်နည်းအားဖြင့် အငန်တုအရသာ ဖန်တီးပေးမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီထုတ်ကုန်ဟာ နမူနာ Prototype အဆင့်မှာပဲ ရှိသေးပြီး အဆင့်မြှင့်တင်မှုတွေ ဆက်လုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က