ကမ္ဘာ့ဈေးကွက်ထဲ ဝင်မယ့်ရက် မသိရသေးပါဘူး

OnePlus ရဲ့ တန်ဖိုးသင့် Nord စီးရီးသစ်ကို အမေရိကဈေးကွက်ထဲ လာမယ့် ဧပြီ ၂၈ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 

လောလောဆယ် T-Mobile အမေရိကန်နဲ့ Metro တွေမှာပဲ တင်သွားမယ့် OnePlus Nord N20 5G ဟာ အပြာရောင်ကာလာတစ်မျိုးတည်းနဲ့ လာပြီး 6/128GB မော်ဒယ်ကို ၂၈၂ ဒေါ်လာ (မြန်မာငွေ ၅ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ ဒီဇိုင်းပိုင်း အတော်လေးလှပေမယ့် Screen Refresh Rate ဟာ 60Hz ပဲ ပါလာပါတယ်။ ၆.၄၃ လက်မ FHD+ AMOLED Display ဖြစ်ပြီး 6nm Snapdragon 695 5G Chipset သုံးထားပါတယ်။ 





ခေတ်ပေါ် Flat ဘောင်နဲ့ အတူ ကျောဘက် စက်ဝိုင်းပုံကင်မရာအိမ်တွေနဲ့ 64MP Main Sensor ၊ 8MP Ultrawide ၊ Depth Sensor တစ်လုံးတို့ ပါရှိပါတယ်။ ရှေ့ Screen ဘယ်အပေါ်ထောင့်မှာ Punch-Hole ကင်မရာပေါက် ပါရှိပြီး ဆယ်လ်ဖီကင်မရာအကြောင်း မသိရသေးပါဘူး။ 4500mAh ဘက်ထရီ 33W Fast Charging တို့နဲ့လာတဲ့ တန်ဖိုးသင့် Performance မြင့်ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။ 

ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 11 ကို အခြေခံထားတာပါတယ်။ အလတ်တန်းစားထဲက ပြိုင်ဘက် Samsung A နဲ့ M Series သစ်တွေမှာတော့ Android 12 နဲ့လာတာ ဖြစ်ပါတယ်။ ဒီဇိုင်းလှပြီး ပေးရတဲ့ဈေးနဲ့ စွမ်းဆောင်ရည်အရ စိတ်ဝင်စားစရာ Mid-Ranger ပါပဲ။ ကမ္ဘာ့ဈေးကွက်ထဲ ကြေညာမယ့်ရက်တော့ မသိရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က