Charger မပါပေမယ့် Charger တောင်းလို့ရမှာပါ

လူငယ်ကြိုက်စတိုင်နဲ့ စွမ်းဆောင်ရည်မြင့်တဲ့ Xiaomi Civil 1S သစ်ကို မိတ်ဆက်လိုက်ပါတယ်။ 

Xiaomi Civil 1S ဟာ သူ့အရင်ထွက်ထားတဲ့ Xiaomi Civi ကိုပဲ ဗားရှင်းနည်းနည်း မြှင့်လိုက်တာလို့ ဆိုနိုင်ပါတယ်။ လှပပေါ့ပါးပြီး ဆယ်လ်ဖီစွမ်းဆောင်ရည်မြင့်တဲ့ Xiaomi Civil 1S ဟာ Snapdragon 778G+ SoC နဲ့လာပြီး‌ နောက်ဆုံးပေါ် Android နဲ့ MIUI ဗားရှင်းတွေ သုံးထားပါတယ်။ အချက်အလက်တော်တော်များများမှာတော့ Xiaomi Civil 1S ဟာ Xiaomi Civil နဲ့ ဆင်ပြီး ဈေးချင်းလည်း အတူတူပါပဲ။





ကျစ်လျစ်တဲ့ ၆.၅၅ လက်မ FHD+ OLED Screen နဲ့လာပြီး 120Hz Refresh Rate သုံးထားပါတယ်။ Screen မှန်အပေါ်အလယ်တည့်တည့်မှာ Punch Hole ကင်မရာပေါက်ဒီဇိုင်းသုံး 32MP Selfie ကင်မရာ ပါရှိပါတယ်။ ကျောဘက်မှာ ထောင်လိုက်စတုဂံကင်မရာအိမ်နဲ့ 64MP Main Sensor ၊ 8MP Ultrawide ၊ 2MP Macro Camera ဆိုပြီး ကင်မရာ ၃ လုံး သုံးထားပါတယ်။ 

Civil 1S ဟာ 8mm တောင်မထူဘဲ ၁၆၆ ဂရမ်ပေါ့ပါးပေမယ့် microSD Card နဲ့ 3.5mm Headphone Jack တို့ ပါမလာပါဘူး။ ဘက်ထရီပါဝါ 4500mAh ဟာ 55W Fast Charging ပံ့ပိုးမှု ပါရှိပြီး ဖုန်းဗူးထဲမှာတော့ Charger ထည့်ပေးမထားပါဘူး။ ဒါပေမယ့်လည်း Charger လိုချင်လို့ တောင်းတဲ့ ဝယ်သူတွေအတွက် ပိုက်ဆံပေးစရာမလိုဘဲ Charger တစ်ခုပေးသွားမယ်လို့ ဆိုပါတယ်။ 

ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 အခြေခံ MIUI 13 နဲ့ လာပြီး 8/128GB မော်ဒယ်ကို ၂၂၉၉ ယွမ် (မြန်မာငွေ ၆ သိန်း ၆ သောင်းကျော်) ၊ 8/256GB ဗားရှင်းကို ၂၅၉၉ ယွမ် (မြန်မာငွေ ၇ သိန်းခွဲ) နဲ့ 12/256GB ဗားရှင်းကို ၂၈၉၉ ယွမ် (မြန်မာငွေ ၈ သိန်းခွဲခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က