ရှယ်ယာရှင်တွေဆီက တိုက်ရိုက်ဝယ်ဖို့ လုပ်နေတာပါ

Tesla သူဌေးကြီးဟာ Twitter ကို ဝယ်ဖို့ အခုထိ စိတ်မကုန်သေးပါဘူး။

အီလွန်မတ်စ်အနေနဲ့ Twitter ကို ဝယ်ဖြစ်ရင် တစ်ခါတည်းငွေချေနိုင်အောင် ဒေါ်လာ ၄၆.၅ ဘီလျံ သီးသန့်စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ငွေကြေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် SEC ရဲ့ အချက်အလက်သစ်အရ မတ်စ်ဟာ Twitter ရှယ်ယာအားလုံးကို ရှယ်ယာရှင်တွေဆီက တိုက်ရိုက်ဝယ်ဖို့ ကမ်းလမ်းနေတယ်လို့ ဆိုပါတယ်။ 




Twitter ဘုတ်ဒါရိုက်တာတွေဆီက ထောက်ခံမှုမရပေမယ့် မတ်စ်ဟာ ဧပြီလလယ်ကတည်းက Twitter ရှယ်ယာတစ်စု ၅၄.၂၀ ဒေါ်လာနှုန်းထားပြီး ဒေါ်လာ ၄၃ ဘီလျံခန့်ပေး ဝယ်ဖို့ ကမ်းလှမ်းထားတာပါ။ လက်ရှိမှာ မတ်စ်ဟာ Twitter အစုရှယ်ယာရဲ့ ၉% ခန့် ပိုင်ဆိုင်ထားပြီး ဘုတ်အဖွဲ့ကို ကျော်ပြီး တခြားရှယ်ယာရှင်တွေဆီက ရှယ်ယာတိုက်ရိုက် ပတ်ဝယ်ဖို့ လုပ်နေတာ ဖြစ်ပါတယ်။ 

ဆန်ဖရန်စစ္စကိုအခြေစိုက် Twitter Inc ကတော့ မတ်စ်ရဲ့ ကမ်းလှမ်းချက်သစ်ကို တုံ့ပြန်ခြင်း မရှိပေမယ့် ပြီးခဲ့တဲ့တစ်ပတ်က ဘုတ်အဖွဲ့ဟာ ကုမ္ပဏီကို မတ်စ်မဝယ်နိုင်အောင် တားမြစ်တဲ့ Poison Pill အစီအစဉ် ချမှတ်ခဲ့ပါတယ်။ မတ်စ်ကလည်း သူသာ Twitter ကို ဝယ်နိုင်ခဲ့ရင် ဘုတ်အဖွဲ့ကို လစာတစ်ပြားမှ မပေးဘူးလို့ Tweet မှာ ရေးတင်ခဲ့ပါတယ်။ 

မတ်စ်ဟာ Twitter ကို ဝယ်နိုင်ဖို့အရေးအတွက် တိကျတဲ့ ညှိနှိုင်းစေ့စပ်မှုတွေ လုပ်ဖို့ ကြိုးစားနေပြီး သူ့ရဲ့ ကမ်းလှမ်းချက်ကို တခြားရှယ်ယာရှင်တွေက လက်ခံသဘောတူခဲ့ရင် ဘုတ်အဖွဲ့ရဲ့ Poison Pill ကို ဖြုတ်ချနိုင်ဖို့ ရှိပါတယ်။ Twitter ကို မတ်စ်ဟာ ဝယ်နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းလာပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က