မြန်မာငွေ ၇ သိန်း ၃ သောင်းကျော်ဈေးနဲ့ ရောင်းချသွားမှာပါ

ကမ္ဘာ့အမြန်ဆုံးအားသွင်းစနစ်နဲ့ ဒီဇိုင်းဆန်းသစ်တဲ့ OnePlus ဖုန်းသစ်ကို ကြေညာလိုက်ပါတယ်။ 

Realme GT Neo 3 ကို Rebrand ပြန်လုပ်ထားတယ်လို့ ဆိုနိုင်တဲ့ ဒီဇိုင်းဖြစ်ပြီး ကျောဘက်ဘေးမှာ ထောင်လိုက်အစင်းတွေနဲ့ ညာဘက်မှာ Smooth Finishing စတိုင်နဲ့ Dual-Textured ဒီဇိုင်း သုံးထားပါတယ်။ ကိုယ်ထည်ဘောင်တွေဟာ Flat Edge ဘောင်ပြားနဲ့လာပါတယ်။ OnePlus Ace ဟာ OnePlus ဖုန်းတွေထဲမှာ ထူးထူးခြားခြား Punch-Hole ကင်မရာကို မှန်ပြင်အပေါ်အလယ်တည့်တည့် ပထမဆုံးသုံးလာတဲ့ဖုန်းပါ။




Photo : financialexpress


မျက်နှာပြင်ဆိုဒ် ၆.၇ လက်မ FHD+ OLED Display ဟာ 120Hz Refresh Rate ၊ Peak Brightness 950nits အထိ ထွက်ပါတယ်။ မှန်အပေါ်ကို အကြမ်းခံ Gorilla Glass 5 မှန် အုပ်ထားပြီး ကျောဘက်စတုရန်းပုံ ကင်မရာအိမ်ထဲမှာ သုံးလုံးတွဲကင်မရာစနစ် သုံးထားပါတယ်။ Display တင် Realme GT Neo 3 နဲ့ တူတာ မဟုတ်ဘဲ ကင်မရာဘက်မှာလည်း အတူတူပဲလို့ ဆိုနိုင်ပါတယ်။ 

OnePlus Ace ဟာ Realme GT Neo 3 လိုပဲ OIS ပါ 50MP IMX766 Main Sensor ၊ ၁၁၉ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 8MP Ultrawide Lens နဲ့ 2MP Macro Lens တို့ သုံးထားပြီး ရှေ့ဘက် punch-hole cutout ထဲမှာ 16MP Selfie ကင်မရာ တပ်ဆင်ထားပါတယ်။ ဘက်ထရီပါဝါ 4500 mAh ဟာ 150W Charging အမြန်အားသွင်းနည်းပညာကြောင့် ၅ မိနစ်အတွင်း အား ၅၀% ဝင်မယ်လို့ ဆိုပါတယ်။ 

အားအပြည့်သွင်းဖို့ ကြာမယ့်အချိန်တော့ ပြောမထားပါဘူး။ ဘက်ထရီအပူမလွန်ကဲအောင် ထိန်းချုပ်တဲ့နည်းပညာတွေလည်း သုံးထားပြီး Charging Cycles အကြိမ် ၁၆၀၀ ပြည့်ပြီးချိန်မှာ ဘက်ထရီကျန်းမာရေးဟာ ၈၀% ရှိမယ်လို့ ဆိုပါတယ်။ Processor ပိုင်းမှာ MediaTek Dimensity 8100 MAX Chipset သုံးထားပြီး Max ဟာ ပုံမှန် Dimensity 8100 ထက် AI စွမ်းဆောင်ရည် ပိုသာမယ်လို့ ပြောပါတယ်။ RAM 8/12GB နဲ့ 512GB Storage အထိ ထွက်ထားပါတယ်။ 

Photo : GSMArena


ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ 5G ၊ NFC ၊ Bluetooth 5.2 ၊ Wi-Fi 6 ၊ USB Type-C port တို့ ပါရှိပြီး မှန်ပြင်အောက်လက်ဗွေဖတ်စနစ် ၊ နှစ်လုံးတွဲစပီကာ နဲ့ Face Unlock နည်းပညာတို့လည်း ထည့်ပေးထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 အခြေခံ ColorOS 12.1 စနစ်နဲ့ လာပါတယ်။ OnePlus Ace (8/128GB) မော်ဒယ်ကို ယွမ် ၂၅၀၀ (မြန်မာငွေ ၇ သိန်း ၃ သောင်းခန့်) နဲ့ အမြင့်ဆုံးမော်ဒယ် 12/512GB Storage မော်ဒယ်ကို ယွမ် ၃၅၀၀ (မြန်မာငွေ ၁၀ သိန်းကျော်တန်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က