ရုရှားမုန်းတီးရေး ဝါဒဖြန့်တာကြောင့်လို့ ဆိုပါတယ်

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ အမေရိကန်ဒုသမ္မတ ကာမယ်လာ ဟာရစ်နဲ့ Meta အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်အပါအဝင် အမေရိကန် ၂၉ ဦးကို နိုင်ငံအတွင်း ဝင်ရောက်ခွင့် အပြီးတိုင်ပိတ်ပင်ကြောင်း ကြာသာပတေးနေ့က ကြေညာလိုက်ပါတယ်။ 

အမေရိကန်အစိုးရရဲ့ ရုရှားကို ပိတ်ဆို့အရေးယူမှုတွေအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဒုသမ္မတ ကာမယ်လာ ဟာရစ် ၊ Washington Post ဆောင်းပါးရှင် ဒေးဗစ် အိုက်ဂနေးသီးယပ်စ် နဲ့ Meta အမှုဆောင်အရာရှိချုပ် မတ်ခ် ဇူကာဘတ်အပါအဝင် အမေရိကန် ၃၀ နီးပါးကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တာလို့ ဆိုပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ရုရှားမုန်းတီးရေး ဝါဒဖြန့်မှုလုပ်တာကြောင့် အမေရိကန် ၂၉ ဦးကို ပိတ်ဆို့အရေးယူတာလို့ ဖော်ပြထားပါတယ်။ 




Photo : houstonchronicle


ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အပိတ်ခံရတဲ့ စာရင်းမှာ အမေရိကန်ဒုသမ္မတ ဟာရစ်ရဲ့ ခင်ပွန်း ဒေါ့ဂ် အမ်းဟော့ဖ် ၊ အိမ်ဖြူတော်ဝန်ထမ်းရေးရာအကြီးအကဲ ရွန်ကလိန်း ၊ ABC News သတင်းတင်ဆက်သူ ဂျော့ချ် စတက်ဖင်နိုပေါလော့စ် ၊ LinkedIn CEO ရိုင်ယန် ရော့စ်လန်စကီ နဲ့ Bank Of America CEO ဘရိုင်ယန် မွိုင်နီဟန်တို့လည်း ပါဝင်နေပါတယ်။ 


ပြီးခဲ့တဲ့လထဲမှာ ရုရှားဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ၊ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန် ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်နဲ့ ကွန်ဂရက်လွှတ်တော်အမတ် ၃၉၈ ဦးလုံးကို ပြည်ဝင်ခွင့် ပိတ်ခဲ့တာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က