အဲရစ်တန်ဟက်ခ်ကတော့ ရာသီကုန်မှာ ယူနိုက်တက်ကို စတင်ကိုင်တွယ်မှာပါ။

ရာသီကုန်မှာ ယူနိုက်တက်နည်းပြသစ်ဖြစ်လာမယ့် အဲရစ်တန်ဟက်ခ်ဟာ အသင်းကို တပွဲမှမကိုင်တွယ်ရသေးခင်မှာပဲ စံချိန်တခုကို ရိုက်ချိုးနိုင်ဖို့ရှိတယ်လို့ သိရှိရပါတယ်။ ဒါကတော့ လစာငွေနဲ့ သက်ဆိုင်တဲ့ စံချိန်တခုပဲဖြစ်ပါတယ်။



အေဂျက်စ်မှာ အစွမ်းပြခဲ့တဲ့ အသက် (၅၂) နှစ်အရွယ် အဆိုပါ နယ်သာလန်လူမျိုးနည်းပြအနေနဲ့ ယူနိုက်တက်မှာရရှိမယ့် လုပ်ခလစာပမာဏကို နှစ်ဖက်လုံးက အခုချိန်ထိ ကြေညာရခြင်းမရှိသေးပါဘူး။ ဒါပေမယ့် အဲရစ်တန်ဟက်ခ်ရဲ့ လုပ်ခပမာဏက ယူနိုက်တက်နည်းပြဟောင်း လူးဝစ်ဗန်ဟားလ်ရဲ့ တနှစ်လုပ်ခ ပေါင် (၃.၃) သန်းထက် သေချာပေါက် ပိုမိုများပြားမှာဖြစ်ပြီး စံချိန်တင်လစာလည်းရရှိလိမ့်မယ်လို့ နယ်သာလန်အခြေစိုက် De Telegraaf က ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်ရှိအနေအထားအရ အဲရစ်တန်ဟက်ခ်ဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် လုပ်ခပမာဏ အများဆုံးရရှိမယ့် နည်းပြဖြစ်လာမယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ အဲရစ်တန်ဟက်ခ်အနေနဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ (၉) ယောက်မြောက်သော နယ်သာလန်လူမျိုး နည်းပြဖြစ်လာမှာပါ။

အရင် သူ့ရှေ့မှာ ရော်နယ်ကိုးမန်း၊ ဂူဟစ်ဒင့်၊ အက်ဒ်ဗိုကက်၊ မာတင်ဂျိုးလ်၊ ဗန်ဟားလ်တို့လို နည်းပြကြီးတွေ ပရီးမီးယားလိဂ်ကို လာရောက်ကျင်လည်ခဲ့ပြီးဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ခ်အတွက် အေဂျက်စ်ကို ပေးချေရမယ်ဆိုတဲ့ လျော်ကြေးငွေ (၂) သန်းကိုလည်း ပေးချေစရာမလိုခဲ့ဘူးလို့ သိရှိရပါတယ်။

ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ခ်ကို တနှစ်စာချုပ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ (၃) နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ အဲရစ်တန်ဟက်ခ်ဟာ လက်ရှိအသင်းက ဘရူနိုဖာနန်ဒက်စ်၊ ဗာရန်း၊ ရပ်ရှ်ဖို့ဒ်၊ တွမ်မီနေး၊ ဆန်ချိုတို့ကို အဓိက,ကစားသမားတွေအဖြစ် ဆက်ထားပြီး ဟာနီဘယ်လ်၊ ဂါနာချို၊ ဂျိမ်းစ်ဂါနာတို့ကိုပါ အရောင်တင်ပေးသွားမယ်လို့ သိရှိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က