အာဆင်နယ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က မနက်ဖြန်ညမှာ ကစားမယ့် အာဆင်နယ်နဲ့ ယူနိုက်တက်ပွဲအတွက် အဓိက ကစားသမားအချို့ ပြန်လည်ပါဝင်လာမယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ အာဆင်နယ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။



အဲ့ဒီပွဲအတွက် သတင်းစာရှင်းလင်းပွဲကို ဒီကနေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရန်းနစ်ဂ်က ဒဏ်ရာနဲ့အကြောင်းအမျိုးမျိုးကြောင့် လွဲချော်နေတဲ့ ကစားသမားတွေ ပြန်လာနိုင်ပြီလို့ အတည်ပြုခဲ့ပါတယ်။ ရန်းနစ်ဂ်က “တွမ်နီနေး ပြန်လာနိုင်ခဲ့ပြီး ပွဲကစားဖို့ ကြံ့ခိုင်မှုအပြည့်ပါပဲ။ မနက်ဖြန်ပွဲအတွက် အဆင်သင့်ဖြစ်နေမှာပါ”

“ဗာရန်းလည်း အတူတူပါပဲ။ ရော်နယ်ဒိုလည်း ပြန်ပါလာမှာပါ။ အခုဆို ရော်နယ်ဒိုက ကျနော်တို့နဲ့အတူတူ လေ့ကျင့်ခန်း ဆင်းနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ တွမ်မီနေး၊ ဗာရန်းတို့ဟာ ဒဏ်ရာပြဿနာကြောင့် အသင်းရဲ့နောက်ပိုင်းပွဲစဥ်တွေကို လွဲချော်ထားပါတယ်။

ရော်နယ်ဒိုကတော့ နောက်ဆုံးမွေးဖွားတဲ့ အမြွှာလေးထဲက သားဖြစ်သူ ဆုံးပါးသွားတာကြောင့် အင်္ဂါညက ကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲကို လွဲချော်ခဲ့ရပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ ဗုဒ္ဓဟူးနေ့မှာပဲ ကာရင်တန်ကို လာရောက်ပူးပေါင်းခဲ့ပြီး လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းခဲ့ပါတယ်။

ယူနိုက်တက်တိုက်စစ်ပိုင်းက ကာဗာနီကတော့ ဒီပွဲကို ဆက်လက်လွဲချော်ဦးမှာဖြစ်ပြီး လုခ်ရှောကလည်း ပေါ့ဘာနဲ့အလားတူပဲ ရာသီကုန်အထိ အနားယူရမှာပါ။ အာဆင်နယ်နဲ့ယူနိုက်တက်တို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်အဆိုင်ဖြစ်နေကြပါတယ်။

လက်ရှိရပ်တည်မှုအနေအထားအရ အာဆင်နယ်က ယူနိုက်တက်ထက် တပွဲလျော့ (၃) မှတ် အသာရထားပြီး အဆင့် (၅) နေရာမှာ ရပ်တည်လျက်ရှိပါတယ်။ အဆင့် (၄) နေရာမှာတော့ စပါးက ရပ်တည်နေပြီး သူတို့သုံးသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကလည်း ရာသီကုန်အထိ စောင့်ကြည့်ရဖွယ်ရှိပါတယ်။ 

Share

Loading Next Article...
က္က