developer တွေဆီ မေးလ်ပို့ထားပါတယ်

Apple ဟာ ကုမ္ပဏီရဲ့ App Store ပေါ်ကနေ Outdated ဖြစ်နေတဲ့ App တွေ ဖယ်ရှားသွားဖို့ ရှိနေပါတယ်။ 

App Store မူဝါဒအတိုင်း အသုံးမပြုတဲ့ ၊ ကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့ Apps တွေကို ဖြုတ်ချဖို့ ရှိတယ်လို့ Engadget သတင်းက ဖော်ပြပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက ကုမ္ပဏီဟာ App Store လမ်းညွှန်ချက်နဲ့ မကိုက်ညီတဲ့ ၊ အလုပ်မလုပ်ဘဲ ရပ်နေတဲ့ App တွေကို ဖယ်ရှားမယ့်အကြောင်း ကြေညာခဲ့တာပါ။ 




The Verge က ရတဲ့ Tweets တွေအရ အသေးစားဗွီဒီယိုဂိမ်း Developer တချို့ဟာ သူတို့ရဲ့ဂိမ်းတွေကို Update လုပ်ဖို့ Apple ဆီက အသိပေးတဲ့ အီးမေးလ်ရခဲ့တယ်လို့ ဆိုပါတယ်။ မေးလ်ထဲမှာ အချိန်အတန်ကြာတဲ့အထိ Update လုပ်မထားတာကြောင့် ဒီ App ကို ရက် ၃၀ အတွင်း ဖယ်ရှားဖို့ စီစဉ်ထားတယ်လို့ ဖော်ပြထားပါတယ်။ 

ရက် ၃၀ အတွင်း Update မလုပ်သူတွေဟာ App Store ပေါ်ကနေ ဖြုတ်ချသွားမယ်လို့လည်း ဆိုပါတယ်။ "Update ကို ရက် ၃၀ အတွင်း မတင်ရင် အရောင်းကနေ ဖယ်ရှားသွားမှာပါ။ Apple အနေနဲ့ App Store ပေါ်က Outdated ဖြစ်နေတဲ့ App တွေ ဖယ်ရှားသွားမှာ ဖြစ်ပေမယ့် သုံးစွဲသူထုတ်ကုန်တွေထဲ ဒေါင်းလုပ်ဆွဲပြီးသား App တွေကတော့ ထုတ်ကုန်ထဲမှာ ကျန်ရှိနေမှာပါ။" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

Twitter လူမှုကွန်ရက်ပေါ်မှာတော့ Apple ဆီက မေးလ်ရောက်လာတဲ့ Developer အတော်များများဟာ သူတို့ Apps တွေကို Update လုပ်ဖို့ အချိန်မရှိတော့ဘူးလို့ မှတ်ချက်ချထားကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က