နှစ်ဦးနှစ်ဖက် လျော်ကြေးတွေ ရှိလာပါတယ်။

ဒေါ်လာ ၄၄ ဘီလျံတန် အရောင်းအဝယ် မဖြစ်ခဲ့ရင် မတ်စ်နဲ့ Twitter ကုမ္ပဏီအကြားမှာ လျော်ကြေးပေးစရာတွေ ရှိလာပါတယ်။

ငွေကြေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် SEC ရဲ့ အချက်အလက်သစ်အရ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးအနေနဲ့ Twitter ကို မဝယ်ဖြစ်ဘဲ အရောင်းအဝယ်ပျက်ရင် ဒေါ်လာ ၁ ဘီလျံ ပေးရမှာ ဖြစ်သလို Twitter Inc ဘက်က ပျက်ကွက်ရင်လည်း မတ်စ်ကို ဒေါ်လာ ၁ ဘီလျံ လျော်ရမယ်လို့ စာချုပ်ထဲမှာ ဖော်ပြထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အရောင်းအဝယ်မဖြစ်ခဲ့ရင်တော့ ဒေါ်လာ ၁ ဘီလျံကို စာချုပ်ဖျက်သိမ်းကြေးအဖြစ် ထည့်ထားတာပါ။





ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်စ်ဟာ Twitter ကိုဝယ်ပြီး ရှယ်ယာတစ်စု ၅၄.၂၀ ဒေါ်လာနှုန်းနဲ့ ဒေါ်လာ ၄၃.၃ ဘီလျံခန့် ပေးပြီး ပုဂ္ဂလိကပိုင် လက်လွှဲယူဖို့ သဘောတူထားပါတယ်။ မတ်စ်ဟာ သက်တမ်း ၁၆ နှစ် ရှိပြီ ဖြစ်တဲ့ Twitter ကုမ္ပဏီကို ဝယ်ဖို့ သူ့ပိုင် Tesla အစုရှယ်ယာတွေကို အပေါင်ထားတဲ့ ချေးငွေတွေအပါအဝင် Morgan Stanley နဲ့ တခြားဘဏ္ဍာရေးလုပ်ငန်းစုတွေဆီက ဒေါ်လာ ၂၅.၅ ဘီလျံ နဲ့ မတ်စ်ကိုယ်တိုင် ထုတ်ပေးသွားမယ့် အစုရှယ်ယာထဲက ဒေါ်လာ ၂၁ ဘီလျံဖိုးကို လျာထားတယ်လို့ ဆိုပါတယ်။ 

Twitter နဲ့ အရောင်းအဝယ်ပြီးပြတ်တဲ့အထိ ဝန်ထမ်းတွေအတွက် စတော့ခ်ရှယ်ယာခံစားခွင့်ပေးသွားမှာ ဖြစ်ပြီး သတ်မှတ်ချိန်ကျော်မှ ရောင်းချနိုင်မယ့် စတော့ခ်တွေကို ပယ်ဖျက်သွားမှာပါ။ ဒီလို ရှယ်ယာတွေ ကိုင်ထားတဲ့ ဝန်ထမ်းတွေအဖို့ ဒီရှယ်ယာထုတ်ရောင်းချိန်မှာ ငွေသားနဲ့ ထုတ်ယူနိုင်အောင်လည်း စီစဉ်ထားပါတယ်။မတ်စ်ဟာ Twitter ကို ဝယ်ရာမှာ ဧပြီ ၁ ရက်နေ့က ပိတ်တဲ့ စတော့ဈေးထက် ၃၈% ပိုပေးပြီး ကမ်းလှမ်းခဲ့တာပါ။ 


အခုအရောင်းအဝယ်နဲ့ ပတ်သက်ပြီး Twitter သာ အီလွန်မတ်စ်ပိုင် ပုဂ္ဂလိကလူမှုကွန်ရက်ဖြစ်သွားရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ထိခိုက်မလားဆိုပြီး စိုးရိမ်နေကြသူတွေလည်း ရှိနေပါတယ်။ မတ်စ်ကတော့ Twitter ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်မယ့် ပလက်ဖောင်းအဖြစ် ပြောင်းလဲသွားမယ်လို့ ကတိပြုထားပါတယ်။ SEC ရဲ့ အချက်အလက်တွေအရ အောက်တိုဘာ ၂၄ ရက်နေ့ အရောင်းအဝယ်မပိတ်ရင် စာချုပ်ပျက်သွားနိုင်တယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့်လည်း ဈေးကွက်ပြိုင်ဆိုင်မှုဥပဒေ ၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေနဲ့ တခြားအစိုးရပိုင်းဆိုင်ရာ လုပ်ရမယ့်ကိစ္စတွေနဲ့ ဆက်စပ်ပြီး ပြီးပြတ်စရာလေးတွေ ရှိရင်တော့ နောက်ထပ် ၆ လ ထပ်တိုးပြီး စာချုပ်ပျက်မယ့်အချိန်ကို ဆုတ်နိုင်တယ်လို့လည်း ပြောထားပါတယ်။ ဘာပဲဖြစ်ဖြစ် ဝယ်သူရောင်းသူ နှစ်ဖက်ကတော့ ဒေါ်လာ ၁ ဘီလျံ ပိုဆောင်ထားရမယ့်ကိန်းလို့ ဆိုရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က