နိုင်ငံခြားကို တရားမဝင် ငွေလွှဲမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်

နိုင်ငံရဲ့ ဥပဒေတွေ ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အိန္ဒိယ Xiaomi ကုမ္ပဏီဆီကနေ အိန္ဒိယအာဏာပိုင်တွေဟာ ဒေါ်လာသန်း ၇၀၀ ကျော် သိမ်းယူသွားခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ နိုင်ငံခြားကို တရားမဝင် ငွေလွှဲမှုတွေ လုပ်ပြီး အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားငွေလဲလှယ်ရေးဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ အာဏာပိုင်တွေက စွပ်စွဲထားပြီးနောက် စနေနေ့မှာ ကုမ္ပဏီပိုင် ဒေါ်လာ ၇၂၅ သန်းကို သိမ်းသွားခဲ့တာ ဖြစ်တယ်လို့ ABC News က ဖော်ပြထားပါတယ်။ အိန္ဒိယငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီ Enforcement Directorate ဟာ Xiaomi ရဲ့ ဒေသတွင်း ရုံးကနေ ဒီငွေတွေ သိမ်းခဲ့တာ ဖြစ်တယ်လို့လည်း အေဂျင်စီရဲ့ Tweet မှာ တွေ့ရပါတယ်။ 





အေဂျင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက Xiaomi ကို တရားမဝင် နိုင်ငံခြား ငွေလွှဲမှုအပေါ် စုံစမ်းစစ်ဆေးမှု လုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ Xiaomi အနေနဲ့ နိုင်ငံခြားအခြေစိုက်အဖွဲ့အစည်း ၃ ခုကို မူပိုင်ကြေးပေးချေမှု အောက်ကနေ ဒေါ်လာ၇၂၅ သန်း လွှဲပြောင်းခဲ့တယ်လို့လည်း Press Trust Of India က ဖော်ပြတဲ့ ထုတ်ပြန်ချက်က ရေးထားပါတယ်။ အမှုနဲ့ ဆက်စပ်ပြီး အေဂျင်စီတာဝန်ရှိသူတွေဟာ ဘန်ဂလာရူတောင်ပိုင်းမြို့ရှိ Xiaomi ရဲ့ ဒေသတွင်းရုံးမှာ Xiaomi Global Vice President ဖြစ်သူ မာနု ကူးမားကို ဧပြီလဆန်းပိုင်းက စုံစမ်းမေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Xiaomi ကတော့ ကုမ္ပဏီအနေနဲ့ ဒေသတွင်းဥပဒေတွေကို လိုက်နာပြီး မူပိုင်ကြေးပေးချေမှုနဲ့ အသွင်းအထုတ်ကိစ္စတွေဟာ တရားဝင်ပြီး မှန်ကန်မှုရှိတယ်လို့ ပြောထားပါတယ်။ ကုမ္ပဏီဟာ ဒီနားလည်မှုကို ပြေလည်မှုရဖို့ အစိုးရအဖွဲ့နဲ့ နီးနီးကပ်ကပ် အလုပ်လုပ်နေတယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အိန္ဒိယအစိုးရဟာ တရုတ်နဲ့ နယ်စပ်အရေး ပဋိပက္ခတင်းမာမှုကို အကြောင်းပြုပြီး Xiaomi Apps တချို့အပါအဝင် တရုတ်ပိုင် Apps ပေါင်း ၁၀၀ ကျော်ကို ပိတ်ပင်ခဲ့တာ ရှိပါတယ်။ 


အိန္ဒိယအစိုးရဟာ ဒီနှစ် ဇန်နဝါရီလဆန်းပိုင်းမှာပဲ Xiaomi ကို သွင်းကုန်အခွန်ရှောင်မှုနဲ့ ရူပီး ၆.၅၃ ဘီလျံ (ကန်ဒေါ်လာ ၈၈ သန်းနီးပါး) ဒဏ်ရိုက်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က