မာရက်ဇ်က သူ့ရဲ့တွစ်တာကနေ တောင်းဆိုလိုက်တာပါ။

မန်စီးတီး တောင်ပံကစားသမား မာရက်ဇ်ကတော့ သူ့ရဲ့တွစ်တာအကောင့်ကနေ ပျောက်သွားတဲ့ အပြာရောင်အမှန်ခြစ်လေးကို ပြန်ပေးဖို့ တွစ်တာပိုင်ရှင်သစ် အီလွန်မက်စ်ကို တောင်းဆိုလိုက်ပါတယ်။ ဖေ့ဘွတ်ခ်မှာဆိုရင်တော့ ဘလူးမတ်ခ်လို့ခေါ်တဲ့ ဒီအရာက မာရက်ဇ်ရဲ့အကောင့်ကနေ ပျက်သွားခဲ့ရတာဖြစ်ပြီး မာရက်ဇ်ကတော့ ဒါကို ကျေနပ်ပုံမပေါ်ပါဘူး။



အသက် (၃၁) နှစ်အရွယ် မာရက်ဇ်ဟာ တွစ်တာပေါ်မှာ Follower (၃) သန်းကျော်ရှိထားပြီးပေမယ့် အကြောင်းအရင်းတစုံတရာမရှိဘဲ ဒီအမှတ်အသားလေးက ပျောက်ဆုံးသွားခဲ့ရတာပါ။ အီလွန်မက်စ်ဟာ မကြာခင် ရက်ပိုင်းအတွင်းကမှ တွစ်တာကို အပြည့်အဝပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အီလွန်မက်စ်က တွစ်တာရဲ့ ရှယ်ယာတွေကို အမေရိကန်ဒေါ်လာ (၄၄) ဘီလီယံနဲ့ ဝယ်ယူခဲ့ပါတယ်။

အီလွန်မက်စ်ရဲ့သတင်းတွေအတည်ဖြစ်သွားတဲ့နောက် မာရက်ဇ်က သူ့ရဲ့တွစ်တာပေါ်မှာ “ကိုယ့်လူ အီလွန်မက်စ်ရေ။ ငါ့ကို အပြာရောင်အမှန်ခြစ်လေး ပြန်ပေးပါကွာ” ဆိုပြီး ရယ်မောရင်းငိုကြွေးနေတဲ့ အီမိုဂျီသုံးခုကို ထည့်သွင်း ရေးသားခဲ့တာဖြစ်ပါတယ်။ မာရက်ဇ်ရဲ့ ဒီလုပ်ရပ်ကိုတော့ ပြိုင်ဘက်အသင်းပရိသတ်အချို့က လာရောက် လှောင်ပြောင်နေကြပါတယ်။

ပရိသတ်တွေက “မန်စီးတီးရထားတဲ့ ချန်ပီယံလိဂ်ဖလားအရေအတွက်နဲ့ အပြာရောင်အမှန်ခြစ် အရေအတွက် တူသွားတာပေါ့” “အီလွန်မက်စ်က မင်းတို့ကွင်းထဲ လူအပြည့်မလာမချင်း ပြန်မပေးဘူးလို့ ပြောလိုက်မှာကို စိတ်ကူးယဥ်ကြည့်စမ်းပါကွာ” လို့ အမျိုးမျိုး နောက်ပြောင်နေခဲ့ကြတာလည်းဖြစ်ပါတယ်။

မာရက်ဇ်ဟာ ဒီရာသီ မန်စီးတီးရဲ့ ပွဲစဥ်တွေမှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာလည်း ခြေစွမ်းပြကာ ပြိုင်ဘက်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မာရက်ဇ်တယောက် အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က